ဘယ်လောက်ပဲပင်ပန်းနေပါစေ ကလေးတွေနဲ့ပတ်သက်လာရင် သတိအမြဲရှိနေတတ်တဲ့ သူ့ရဲ့အဖြစ်ကိုပြသလာတဲ့ ပိုင်တံခွန်

မင်းသားချော ပိုင်တံခွန်ကတော့ လူငယ်တစ်ယောက်ပီပီ အမိုက်စားစတိုင်ဒီဇိုင်းတွေနဲ့ သူ့ရဲ့ချောမောလွန်းတဲ့ ရုပ်ရည်ကြောင့် ပြည်တွင်း၊ ပြည်ပ ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိထားသူဖြစ်ပါတယ်။ ပိုင်တံခွန်ဟာ လူငယ်တစ်ယောက်ဆိုပေမယ့် သူ့ရဲ့ဘဝနေထိုင်မှုကို အပျော်အပါးတွေထက် သူချစ်တဲ့သူတွေနဲ့သာအချိန်ကုန်ဆုံးရင်း နေထိုင်တတ်သူတစ်ယောက်ပဲဖြစ်ပါတယ်။ အထူးသဖြင့် ပိုင်တံခွန်ဟာ တိရစ္ဆာန်လေးတွေကိုချစ်တတ်သူဖြစ်ပြီး သူချစ်တဲ့တိရစ္ဆာန်လေးတွေနဲ့ အမြဲတမ်း တပူးပူးတတွဲတွဲရှိတတ်သူပါ။

ဒီကနေ့မှာလည်း ပိုင်တံခွန်က အားလပ်ချိန်ရှိတုန်းလေး သူ့ရဲ့ကလေးတွေကို ခရီးလိုက်ပို့နေတာကို တွေ့ရပါတယ်။ ခရီးစဉ်လမ်းတစ်လျှောက်မှာ ပိုင်တံခွန်ဟာ ပင်ပန်းလို့အိပ်ပျော်နေပေမယ့် သူ့ရဲ့ကလေးတွေကိုလည်း ထွေးပွေ့ထားရင်း သတိရှိရှိအိပ်နေရတဲ့အဖြစ်ကို ဗီဒီယိုလေးရိုက်ပြီး “ဘယ်သွားသွား သတိရှိရမယ်” ဆိုပြီး သူ့ရဲ့အဖြစ်လေးကို ပြသလာပါတယ်။

ပိုင်တံခွန်ကတော့ တိချစ်သူတစ်ယောက်ပီပီ ကိုယ်ဘယ်လောက်ပဲ ပင်ပန်းပင်ပန်း ကလေးတွေကို ကြင်ကြင်နာနာထွေးပွေ့ထားတာ အရမ်းကိုချစ်စရာကောင်းတာပဲနော်။ ပရိသတ်ကြီးလည်း ပိုင်တံခွန်ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး ကြည်နူးနေမယ်လို့ ထင်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Paing Takhon ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်







error: Alert: Content is protected !!