ဗိုက်ထဲကရင်သွေးလေးဟာ သားယောကျာ်းလေးဖြစ်လို့ ပြောမပြတတ်အောင် ပျော်ရွှင်ရတယ်ဆိုတဲ့ သီရိရှင်းသန့်
ချစ်စရာကောင်းတဲ့ တိုင်းရင်းသူလေး သီရိရှင်းသန့်ကတော့ မော်ဒယ်လ် ၊ သရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်ကြီးအားလုံး သိပြီးသားဖြစ်မှာပါ။ သီရိရှင်းသန့်ဟာ ပြီးခဲ့တဲ့နှစ်ကပဲ သူမချစ်ရသူနဲ့ လက်ထပ်ခဲ့တာဖြစ်ပြီး အခုဆိုရင် သူမရဲ့ ပထမဦးဆုံးရင်သွေးလေးကို လွယ်ဆောင်ထားရပြီပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ သီရိရှင်းသန့်က သူမရဲ့ဗိုက်ထဲက ရင်သွေးလေးဟာ သားယောကျာ်းလေးဖြစ်တဲ့အကြောင်းကို အခုလိုပဲ ဝမ်းသာစွာပြောလာပါတယ်။
သီရိရှင်းသန့်က “ဘေဘီလေးဘာလေးလဲဆိုပြီး ဒီမေမေကရင်ခုန်နေခဲ့တာ… ☺️ဘာလေးလဲဆိုတာမသိရခင် သားသားလေးပဲဖြစ်ဖြစ် မီးမီးလေးပဲဖြစ်ဖြစ် အမေဆိုတာတော့ချစ်မှာပါပဲ….. 😊 အခုတော့သားသားလေးဆိုတော့လဲဒီမေမေမှာအရမ်းကိုကြည်နူးပျော်ရွှင်နေရတာ… မိခင်မေတ္တာလေနော်…. 🥰 သားလေးရေ …. မေမေ့ဘဝတစ်ခုလုံးက သားလေးအတွက်ပဲနော် ….. ဖေဖေရော မေမေရော အရမ်းချစ်တယ်နော် သားလေးရေ…. 😘 ” ဆိုပြီး သူမတို့ရဲ့ Baby Gender Reveal ပွဲလေးက အမှတ်တရပုံရိပ်လေးတွေကို ပြသလာပါတယ်။
သီရိရှင်းသန့်ကတော့ ဗိုက်ထဲကရင်သွေးလေးဟာ သားယောကျာ်းလေးဖြစ်တဲ့အတွက် ပြောမပြတတ်အောင် ဝမ်းသာတဲ့အကြောင်း ပြောလာတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သီရိရှင်းသန့်တို့ရဲ့ Baby Gender Reveal ပွဲလေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ်ထင်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Thiri Shinn Thant ‘s fb