သရုပ်ဆောင် အဆိုတော် အေသင်ချိုဆွေကတော့ သူမရဲ့အောင်မြင်နေတဲ့အချိန်မှာပဲ ကလေးမွေးပြီး Single Mother ဘဝကို ခံယူခဲ့တာပဲဖြစ်ပါတယ်။ အေသင်ချိုဆွေဟာ Ivy လေး မွေးစဉ်ကတည်းက Single Mother အဖြစ် ရပ်တည်ခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ သူမဘဝရဲ့အကောင်းဆုံးအချိန်တွေကို ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အေသင်ချိုဆွေက ဖေ့စ်ဘုတ်ပေါ်က ဖောက်ပြန်မှုတွေကိုကြည့်ပြီး အတိတ်က သူမရဲ့အကြောင်းတွေကို အခုလိုပဲပြောလာပါတယ်။

“အခုချိန်တွေးမိတာလေးပါ၊ ငါအတော်ကံကောင်းတာပဲလို့၊ ဒါပေမယ့် ဒီလိုအချိန်မှာဒီလိုပြောနိုင်ဖို့ဆိုတာကလည်း တချိန်က နွားဖြစ်ခဲ့တဲ့အချိန်တွေမှာလဲရုန်းလိုက်၊နစ်လိုက်နဲ့ ကိုယ်လည်းကျော်ဖြတ်ခဲ့ရတာပါပဲ။ ကိုယ့်ရွေးချယ်မှုမှန်ကန်ခဲ့လို့ ဆုံးဖြတ်ချက်ပြတ်သားခဲ့လို့သာ ခုလို အေးအေးချမ်းချမ်း အပူမရှိနေနိုင်တာ၊ ၁၅၀၀ အချစ်က ပူလောင်တယ်၊ ၅၂၈ က အေးချမ်းတယ်၊ မိန်းမ တယောက် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ရင် ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုဘူး၊ အခုချိန်ထိ single mother ဖြစ်တာချင်းတူတာတောင် ကိုယ့်ကိုဆို ပိုပြောချင်ဆိုချင်၊နှိမ်ချင်တဲ့ လူတချို့ကရှိကိုနေသေးတာ၊ အဲ့ဟာတွေကို သောက်ဂရုကိုမစိုက်ပဲ နေနိုင်တာကလည်းကိုယ့်ရဲ့ မိသားစုနဲ့ ကိုယ့်ကို ချစ်တဲ့ အသိုင်းအဝန်း၊ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်လေး ရှိနေလို့ပဲ။ အဲ့ဒီအတွက် အားလုံးကိုတကယ်ကျေးဇူးတင်တယ်။” ဆိုပြီး ပြောလာခဲ့တာပဲဖြစ်ပါတယ်။

အေသင်ချိုဆွေကတော့ သူမကိုယ်တိုင်လည်း တစ်ချိန်က ၁၅၀၀ အချစ်ကြောင့် ပူလောင်မှုတွေခံခဲ့ရပေမယ့် ဆုံးဖြတ်ချက်မှန်ကန်ခဲ့တာကြောင့် အခုဆိုရင် သမီးလေးနဲ့ အေးဆေးတဲ့ဘဝလေးမှာ နေထိုင်နေရကြောင်းပြောပြလာခဲ့တာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Yolo
Source: Athen Cho Swe’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

ဖေ့စ်ဘုတ်ပေါ်က ဖောက်ပြန်မှုတွေကိုကြည့်ပြီး ကိုယ့်ကိုကိုယ်ကံကောင်းလိုက်တာလို့တွေးမိကြောင်း ပြောလာတဲ့ အေသင်ချိုဆွေ





Yolo

error: Alert: Content is protected !!