ဖေ့စ်ဘုတ်ပေါ်ကပို့စ်တွေကြောင့် စကစရဲ့ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရတဲ့ လူငယ်အဆိုတော် Double J
လူငယ်ကြိုက်အဆိုတော်တစ်ယောက်ဖြစ်တဲ့ Double J ကတော့ သူ့ရဲ့ သီချင်းတွေကြောင့် ပရိသတ်တွေကြားမှာ နာမည်ကြီးရေပန်းစားသူတစ်ယောက်ဖြစ်ပါတယ်။ Double J ဟာ လူငယ်တစ်ယောက်ပီပီ လက်ရှိမြန်မာ့နိုင်ငံရေးမှာ သူ့ရဲ့ရပ်တည်ချက်နဲ့ ခံယူချက်ကို ပြတ်သားစွာပြသဖော်ထုတ်နေသူတစ်ယောက်ဆိုလည်း မမှားပါဘူး။ ပရိသတ်တွေချစ်ရတဲ့ Double J နဲ့ ပတ်သက်ပြီး မနေ့က ဇွန်လ (၂၈) ရက်နေ့မှာတော့ စိတ်မကောင်းစရာသတင်းတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။
အဆိုတော် Double J အပါအဝင် လူငယ် (၉) ဦးကို မနေ့က ဇွန်လ (၂၈) ရက်နေ့မှာ ဖေ့စ်ဘုတ်ပေါ်က နိုင်ငံရေးနဲ့ပတ်သက်တဲ့ စာတွေကြောင့် စကစက ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ အချို့ကိုတော့ ခံဝန်နဲ့ ပြန်လည်လွှတ်ပေးနေပြီဆိုပေမယ့် Double J ကတော့ ပြန်လည်လွတ်မြောက်လာခြင်းရှိမရှိကိုတော့ ယခုအချိန်ထိ တိကျစွာမသိရသေးပါဘူး။
Double J ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ ဘုန်းကြီးဝတ်ပြီး သာသနာ့ဘောင်ထဲသို့ဝင်ရောက်နေတာဖြစ်ပြီး လူထွက်လာခဲ့တာ ရက်ပိုင်းမျှသာရှိသေးချိန်မှာ အခုလို ဖမ်းဆီးခံခဲ့ရတာပဲဖြစ်ပါတယ်။ Double J တစ်ယောက်ဘေးအန္တရာယ်ကင်းရှင်းပါစေလို့ ဆုတောင်းပေးနေပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Thar Thar’s fb