ဖေဖေ Mikis ငယ်ငယ်ကနဲ့ တစ်ပုံစံတည်းတူတဲ့ သားသားလေးရဲ့ တစ်လအရွယ်ပုံရိပ်လေးတွေကို ပြသလာတဲ့ စုစုဝေ

စုစုဝေကတော့ မြန်မာပြည်ကိုလာရောက်ပြီး အနုပညာအလုပ်တွေလုပ်ကိုင်နေတဲ့ ဂျာမန်လူမျိုးအဆိုတော် Mikis နဲ့ ဖူးစာဆုံခဲ့တာပဲဖြစ်ပါတယ်။ စုစုဝေနဲ့ Mikis တို့ဟာ ချစ်သူတွေအဖြစ် အချိန်အတော်ကြာနေခဲ့ပြီးမှာ မကြာခင်အချိန်ကပဲ ဂျာမနီနိုင်ငံမှာ လက်ထပ်ခဲ့တာပဲဖြစ်ပါတယ်။ Mikis နဲ့ စုစုဝေတို့က ပြီးခဲ့တဲ့ ဧပြီလ (၂၈) ရက်နေ့ကပဲ သူတို့ရဲ့ ပထမဦးဆုံးရင်သွေးလေးကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

သားလေးကြောင့်ပဲ တစ်နေ့ထက်တစ်နေ့ ပျော်ရွှင်မှုတွေပိုင်ဆိုင်ထားတဲ့ စုစုဝေက ဒီကနေ့မှာလည်း တစ်လသားအရွယ်လေးရဲ့ပုံရိပ်လေးတွေကို မျှဝေလာပါတယ်။ စုစုဝေက “Hallo 🙋 Guten Morgen 😃🌞☀️ သားသားလေး 1 လ အရွယ် ပုံလေးတွေထပ်တင်ပေးလိုက်ပါပြီရှင်🥰သားသားကိုချစ်တဲ့သူလေးတွေ မြင်စေချင်လို့😘💙” ဆိုပြီး သားသားလေးရဲ့ပုံနဲ့ ဖေဖေ Mikis ရဲ့ ငယ်ငယ်ကပုံလေးကိုပါ ယှဉ်တွဲပြီး ပြသလာခဲ့ပါတယ်။

Mikis နဲ့ စုစုဝေတို့ရဲ့ ကလေးလေးက Mikis နဲ့တူသလို စုစုဝေနဲ့လည်းတူတာ ပရိသတ်ကြီးတွေ့ရမှာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ သွေးနှောကပြားသားသားလေးကိုကြည့်ပြီး သဘောကျနေကြမယ်ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Su Su Weber’s fb






Source: Su Su Weber’s fb

error: Alert: Content is protected !!