ဖေဖေ၊ မေမေတို့ ပြင်ဆင်ပေးထားတဲ့ နေချင်စဖွယ်အိပ်ခန်းလေးကို ပြသလာခဲ့တဲ့ သဇင်ထူးမြင့်

ပရိသတ်တွေ ရဲ့ အချစ်တော် သရုပ်ဆောင် ခင်လှိုင် ရဲ့ သမီးငယ်လေး သဇင်ထူးမြင့်ဟာ ဆိုရင် အကယ်ဒမီ ရွှေကြိုမယ် အဖြစ် ပါဝင်လုပ်ဆောင်ရာကနေ အနုပညာလမ်းကြောင်းမှာ လျှောက်လှမ်းလာခဲ့သူ ဖြစ်ပါတယ်။ သဇင်ထူးမြင့်ကတော့ စကားပြောနည်းပြီး အနေအထိုင်အေး ဆေးသူလေးဖြစ်ပေမယ့် အနုပညာအလုပ်တွေ လုပ်ကိုင်လာချိန်မှာတော့ အရင်ကထက် ပိုပြီး သွက်လက်လာတာ ပရိသတ်ကြီး သတိထားမိကြမယ် ထင်ပါတယ်။ သရုပ်ဆောင်မင်းသမီးချောလေး သဇင်ထူးမြင့်ကလည်း သူမကို အနုပညာလမ်းကြောင်းတစ်ခုပေါ်ရောက်ဖို့ အားပေးလာကြတဲ့ ပရိသတ်တွေအတွက် အလုပ်တွေကို ဖိဖိစီးစီးနဲ့ ကြိုးစားလုပ်ကိုင်နေလျက်ရှိပါတယ်။

နာမည်ရလာတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်နေပြီဆိုပေမယ့် ဖေဖေ၊ မေမေရဲ့ သမီးထွေးလေးဖြစ်နေတဲ့ သဇင်ထူးမြင့်ဟာ ဒီကနေ့မှာတော့ သူမရဲ့ ချစ်စရာကောင်းတဲ့ အိပ်ခန်းလေးကို ပြသလာခဲ့ပါတယ်။ သဇင်ထူးမြင့်က “စိတ်အေးချမ်းရတဲ့ နေရာလေး🤍 အလုပ်နားရက်ဆို အခန်းထဲအခန်းပြင်မထွက်သူ😄” ဆိုပြီး ဖေဖေ၊ မေမေတို့ ပြင်ဆင်ပေးထားတဲ့ သူမရဲ့အခန်းလေးကို ဓာတ်ပုံရိုက်ပြီး ပြသလာပါတယ်။

သဇင်ထူးမြင့်ကတော့ ဖေဖေခင်လှိုင်ရဲ့ အချစ်ဆုံးသမီးလေးပီပီ အရမ်းဂရုစိုက်ခံရတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သဇင်ထူးမြင့်ရဲ့ ချစ်စရာကောင်းတဲ့ အခန်းလှလှလေးကိုကြည့်ပြီး သဘောကျနေကြမယ်ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Thazin Htoo Myint’s fb
ဇော်ဂျီဖြင့်ဖတ်ရန်







error: Alert: Content is protected !!