ဖေဖေ့ဆီက ခွင့်ပြုချက်တစ်ခုရဖို့ သင်္ချာပြိုင်ပွဲမှာရွှေအဆင့်ရအောင်ကြိုးစားပြီး စာကြိုးစားခဲ့ရတယ်ဆိုတဲ့ စစ်လွန်းဝတီထက်

စစ်လွန်းဝတီထက်ဆိုတာကတော့ နာမည်ကြီးအကယ်ဒမီမင်းသမီးနဲ့ အဆိုတော်တို့ရဲ့ သမီးလေးဖြစ်တာကြောင့် ပရိသတ်တွေရဲ့စိတ်ဝင်စားခြင်းခံရတဲ့ ကလေးလေးတစ်ယောက်ပါပဲ။ စစ်လွန်းဝတီထက်ဟာ အဖေနဲ့ အမေကွာရှင်းပြတ်ဆဲပြီးနောက်မှာတော့ သူမရဲ့အဖေ စိုင်းလွှမ်းနဲ့အတူတူနေထိုင်ခဲ့ပြီး စိုင်းလွှမ်းကလည်း စစ်လွန်းဝတီထက်ကို အဖေလိုရော အမေလိုပါ ပြီးပြည့်စုံအောင် စောင့်ရှောက်ပြုစုခဲ့တာမို့ သမီးလေးက ချစ်စရာကောင်းပြီး ထက်မြက်စွာနဲ့ ကြီးပြင်းလာခဲ့တာပဲဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်လွန်းဝတီထက်က ဖေဖေ့ဆီက ခွင့်ပြုချက်တစ်ခုရဖို့ သူမအနေနဲ့ ပညာရေးမှာကြိုးစားပြခဲ့ရကြောင်းကိုပြောပြလာပါတယ်။ “Sakamoto သင်္ချာ ပြိုင်ပွဲမှာGOLD ရလို့ သင်္ကြန်မှာ သမီး သီချင်းတွေဆိုလို့ က လို့ ရပြီ။ ခုမှ ပါပါး ဆီက ခွင့်ပြုချက်ရတယ်။ ပါပါးကို တစ်နေကုန်ကို ပြောလိုက်ရတယ် ခုမှ ရတယ် 😮‍💨နိုင်ငံအဆင့်လည်း GOLD ထပ်ရအောင်ကြိုးစားပါမယ် နော် 🙏🙏🙏” ဆိုပြီး သင်္ကြန်မှာ ဆိုချင်ကချင်လို့ သင်္ချာပြိုင်ပွဲမှာရွှေအဆင့်ရအောင်ကြိုးစားပြီး ဖေဖေ့ဆီကနေ ခွင့်တောင်းခဲ့ရတယ်လို့ ဆိုပါတယ်။

စိုင်းလွှမ်းကတော့ သမီးလေးကို အလိုလိုက်စရာရှိတာလည်းလိုက်သလို ပညာရေးနဲ့ပတ်သက်ပြီး စည်းကမ်းထားတတ်တာကတော့ တကယ့်ကိုကောင်းမွန်တဲ့ အလေ့အကျင့်တစ်ခုပါပဲ။ သမီးလေး စစ်လွန်းဝတီထက်လည်း ပညာရေးမှာထူးချွန်ပြီး ဖြစ်ချင်တဲ့ဝါသနာတွေကိုလည်း အကောင်အထည်ဖော်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Sis Loon Wati Htet ‘ fb

error: Alert: Content is protected !!