ဖေဖေနဲ့ကြည်နူးနေတုန်း မေမေစန္ဒီမြင့်လွင် ဗီဒီယိုခိုးရိုက်တာမိသွားလို့ ရန်တွေ့နေတဲ့ ထရက်ရှာလေးရဲ့ ဗီဒီယို
အဆိုတော်၊ သရုပ်ဆောင် စန္ဒီမြင့်လွင်ကတော့ ဂီတလောကမှာရော ရုပ်ရှင်လောကမှာရော လူသိများကျော်ကြားသူတစ်ယောက်ဖြစ်ပါတယ်။ စန္ဒီမြင့်လွင်က အနုပညာအလုပ်တွေမှာ အောင်မြင်မှုရရှိသလို မိသားစုနဲ့ပတ်သက်လာရင်လည်း ကံကောင်းသူလေးတစ်ယောက်ဖြစ်ပါတယ်။ အထူးသဖြင့် စန္ဒီမြင့်လွင်ဟာ သူမအပေါ်အရမ်းချစ်ပြီး လိမ္မာရေးခြားရှိတဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။
စန္ဒီမြင့်လွင်ရဲ့ သမီးလေးကတော့ အရမ်းကိုချစ်စရာကောင်းပြီး အပြုအမူလေးတွေကအစ သဘောကျချင်စဖွယ် ကလေးလေးပဲဖြစ်ပါတယ်။ ဒီကနေ့မှာလည်း စန္ဒီမြင့်လွင်က ဗီဒီယိုခိုးရိုက်တာလူမိသွားလို့ ရန်လှမ်းတွေ့နေတဲ့ ထရက်ရှာလေးကို “ပါးပါးနဲ့ လက်သည်းညှပ်ပီး ချစ်ကြည်နူးတစ်တီတူးနေတုန်း ခိုးရိုက်တာမိသွားလို့အမေကိုကျဘယ်လိုတွေရန်လုပ်တာ🫤 “ဆိုပြီး ပရိသတ်တွေကို ပြသလာပါတယ်။
ထရက်ရှာလေးကတော့ သမီးမိန်းကလေးတစ်ယောက်ပီပီ အဖေကိုအရမ်းချစ်ပြီး တွယ်ကပ်သူတစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ ထရက်ရှာလေးရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျနေကြမယ်ထင်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Sandy Myint Lwin ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်