Source: Sis Loon Wati Htet’s fb
ဖေဖေစိုင်းလွှမ်းရဲ့ ရှုတင်အတွက် အဝတ်အစားတွေကိုယ်တိုင်စီစဉ်ပေးပြီး ဖေဖေ့ကိုကူညီပေးခဲ့တဲ့ စစ်လွန်းဝတီထက်
သရုပ်ဆောင်နဲ့ အဆိုတော် စိုင်းလွှမ်းကတော့ နိုင်ငံကျော်မင်းသမီး အကယ်ဒမီ ထက်ထက်မိုးဦးနဲ့ တရားဝင်ကွာရှင်းပြတ်ဆဲပြီးတဲ့နောက် သမီးလေး စစ်လွန်းဝတီထက်ကို ပြုစုစောင့်ရှောက်နေတဲ့ ဖခင်ကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ်။ စိုင်းလွှမ်းနဲ့ စစ်လွန်းဝတီထက်တို့ သားအဖနှစ်ယောက်ကတော့ တစ်ယောက်ကိုတစ်ယောက် ဖေးမမှုတွေနဲ့ မျက်စိအောက်က အပျောက်မခံလောက်အောင် ချစ်ကြတာပဲ ဖြစ်ပါတယ်။ စိုင်းလွှမ်းကလည်း သူ့ရဲ့တစ်ဘဝလုံးကို သမီးလေးအတွက် ပုံအောပေးအပ်ထားသလို စစ်လွန်းဝတီထက်ကလည်း ဖခင်စိတ်ချမ်းသာစေတဲ့ လိမ္မာတဲ့ သမီးငယ်လေးပဲ ဖြစ်ပါတယ်။
အဖေနဲ့သမီးနှစ်ယောက်တည်းရှိတဲ့ဘဝမှာ တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ပေးရင်း ချစ်ခင်မှုကိုပြသလေ့ရှိတဲ့ စိုင်းလွှမ်းနဲ့ စစ်လွန်းဝတီထက်တို့ သားအဖနှစ်ယောက်ဟာ ဒီကနေ့မှာလည်း ပရိသတ်တွေကို ကြည်နူးစေခဲ့ပြန်ပါတယ်။ သမီးလေး စစ်လွန်းဝတီထက်က ဖေဖေစိုင်းလွှမ်းရဲ့ ရှုတင်အတွက် အဝတ်အစားတွေကိုယ်တိုင်စီစဉ်ပေးပြီး ” ပါပါး Shooting အတွက် သမီးစီစဉ်ပေးဖြစ်တယ်🤩 ပါပါး ရော Shooting တစ်ဖွဲ့လုံးရော အဆင်ပြေပါစေ🙏🙏🙏” ဆိုပြီး ဖေဖေ့ရဲ့ရှုတင်အဆင်ပြေချောမွေ့စေဖို့ ဆုတောင်းပေးနေတာကို တွေ့ရပါတယ်။
စစ်လွန်းဝတီထက်ကတော့ ဖေဖေစိုင်းလွှမ်းကို အရမ်းချစ်သူတစ်ယောက်ဖြစ်ပြီး ဖေဖေ့အတွက် အားကိုးအားထားပြုလို့ရတဲ့ သမီးလေးတစ်ယောက်ပါပဲ။ ပရိသတ်ကြီးလည်း စစ်လွန်းဝတီထက်ရဲ့ လိမ္မာရေးခြားရှိပုံလေးကိုကြည့်ပြီး အသည်းယားနေကြမယ်ထင်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Sis Loon Wati Htet’s fb