ဖုန်းကွဲသွားလို့ အမေကိုမပူဆာရက်ပဲ ကြိတ်ငိုနေတဲ့ သားလေးကို ပျော်ရွှင်ရအောင် Surprise လုပ်ပေးခဲ့တဲ့ အင်ကြင်း

ဇာတ်ပို့သရုပ်ဆောင် အင်ကြင်းကိုတော့ ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပရိသတ်ကြီးအားလုံး မြင်ဖူးပြီးသားဖြစ်မှာပါ။ အင်ကြင်းကတော့ လက်ရှိမှာ သူမဝါသနာပါတဲ့ အနုပညာအလုပ်တွေကိုလုပ်ကိုင်ရင်း တစ်ဖက်မှာလည်း အွန်လိုင်း Live Sale တွေ ရောင်းချပေးနေတာပဲဖြစ်ပါတယ်။ အလုပ်တွေကြိုးစားလုပ်ကိုင်သလို သားလေးအပေါ်မှာလည်း မိဘတာဝန်ကျေပွန်တဲ့ အင်ကြင်းဟာ ဒီကနေ့မှာတော့ ဖုန်းကွဲသွားလို့ အမေကိုမပူဆာရက်ပဲ ကြိတ်ငိုနေတဲ့ သားလေးကို ပျော်ရွှင်ရအောင် Surprise လုပ်ပေးခဲ့တာကို တွေ့ရပါတယ်။

အင်ကြင်းက “သူ့ဖုန်းလေးကွဲသွားလို့တွေးတွေးငိုနေတာ မျက်နှာတခုလုံးနီအစ်နေရော မားမားအသစ်ဝယ်ပေးမယ်ဆိုတော့ မားမားပိုက်ဆံရှာနေရတာပင်ပန်းပါတယ် မားမားကိုသားကသနားနေတာတဲ့ သားအမှားမို့တောင်းပန်ပါတယ်တဲ့။ အဲ့အစုတ်လေးပဲပြင်ပေးပါတဲ့😞 7နှစ်အရွယ်နဲ့မလိုက်အောင်အမေ့သောကတွေသိနေရလို့ တောင်းပန်ပါတယ်မေ့သားလေးရယ်😔”ဆိုပြီး ငိုနေတဲ့ သားလေးရဲ့ ပုံရိပ်လေးကို မျှဝေကာ ချက်ချင်းဆိုသလိုပဲ သားလေးကို ဖုန်းအသစ်ဝယ်ပေးခဲ့တာကို တွေ့ရပါတယ်။

အင်ကြင်းကတော့ ဖုန်းကွဲသွားလို့ စိတ်မကောင်းဖြစ်နေတဲ့သားလေးကို မကြည့်ရက်တာကြောင့် သူမရဲ့အနုပညာကြေးတွေထဲက သားလေးပျော်ရွှင်ဖို့ ဖုန်းအသစ်လေးတစ်လုံးဝယ်ပေးခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အင်ကြင်းတို့သားအမိနှစ်ယောက်ရဲ့ ပုံရိပ်လေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ်ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Ingyin Hana’s fb

error: Alert: Content is protected !!