ဖခင်ရဲ့မျက်နှာကြောင့် နိုင်ငံရေးပိုစ့်တင်တဲ့နေရာမှာ ချင့်ချိန်နေရကြောင်း ပြောပြလာခဲ့တဲ့ ကောင်းထက်ဇော်

နိုင်ငံကျော်အစီအစဉ်တင်ဆက်သူတစ်ယောက်ဖြစ်တဲ့ ကောင်းထက်ဇော်ကို ပရိသတ်ကြီးအားလုံးသိပြီးသားဖြစ်မှာပါ။ ကောင်းထက်ဇော်ဟာ MRTV 4 ရုပ်သံလိုင်းရဲ့ ဝါရင့် အစီအစဉ်တင်ဆက်သူတစ်ယောက်ဖြစ်ပြီး အားပေးသူ ပရိသတ်အခိုင်အမာရှိပြီးသား ဆယ်လီဘရစ်တီတစ်ယောက်ဆိုလည်း မမှားပါဘူး။ လက်ရှိ နိုင်ငံရေးပြဿနာအခြေအနေမှာ ကောင်းထက်ဇော်ဟာ ပရိသတ်တွေရဲ့ အထင်အမြင်လွဲမှားခြင်းကို မကြာခဏခံရလေ့ရှိသူတစ်ယောက်ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ကောင်းထက်ဇော်က သူ့အနေနဲ့ နိုင်ငံရေးနဲ့ပတ်သက်ပြီး ပိုစ့်တင်နေရတဲ့အခါ သူ့ဖခင်ရဲ့မျက်နှာကိုထောက်ရသေးကြောင်း ပရိသတ်ကိုပြောပြလာပါတယ်။ ပရိသတ်တစ်ယောက်က ကောင်းထက်ဇော်ရဲ့ပိုစ့်အောက်မှာ “ကိုကောင်းကြီးကို အထင်လွဲနေခဲ့တာ.. ခုတော့လေးစားသွားပြီ” လို့ ရေးသားခဲ့ရာ ကောင်းထက်ဇော်က “ကိုကောင်းကြီးအဖေက လက်ရှိအစိုးရအဖွဲ့ဝင် ဦးသိန်းညွှန့်နဲ့ အမှုဖြစ်နေတာပါ။ အဖေ့မျက်နှာကြည့်ပြီး ပိုစ့်တင်နေရတယ်လေ” ဆိုပြီး သူ့ဘက်က အခြေအနေကို ပြောပြလာပါတယ်။

ကောင်းထက်ဇော်ဟာ ပြီးခဲ့တဲ့သင်္ကြန်ကာလမှာလည်း စစ်တပ်ပိုင်မဏ္ဍပ်မှာ သွားရောက်ဖျော်ဖြေပေးတယ်ဆိုတဲ့ ကောလဟာလတွေကိုဖြေရှင်းခဲ့ရသေးတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အခုဆိုရင် ကောင်းထက်ဇော်တို့မိသားစုအခြေအနေကို သိရပြီမို့ ကောင်းထက်ဇော်ကို နားလည်ပေးနိုင်လောက်ပြီလို့ ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Kaung Htet Zaw’s fb

error: Alert: Content is protected !!