ဖခင်ဖြစ်သူရဲ့ အရိုးပြာကို ရန်ကုန်မြစ်ထဲမျောပြီး နောက်ဆုံးနှုတ်ဆက်ခဲ့တယ်ဆိုတဲ့ မိုးဟေကို

သရုပ်ဆောင် မိုးဟေကိုကတော့ ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် ကျော်ကြားသူစာရင်းဝင်တာပဲ ဖြစ်ပါတယ်။ မိုးဟေကိုရဲ့ ဖခင်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂၇) ရက်နေ့က ကွယ်လွန်သွားခဲ့ပြီး မနေ့က နိုဝင်ဘာလ (၂၈) ရက်နေ့မှာတော့ ရန်ကုန်မြို့ရေဝေးသုဿန်မှာ သဂြိုလ်ခဲ့တာပဲ ဖြစ်ပါတယ်။ မိုးဟေကိုကလည်း သူ့ရဲ့ဖခင်ရဲ့ နောက်ဆုံး ခရီးစဉ်ကို အကောင်းဆုံးဖြစ်အောင် အစစအရာရာ စီစဉ်ပေးခဲ့ကြောင်း အခုလိုပဲ ပြောလာပါတယ်။ 

မိုးဟေကိုက “ချစ်သော ပရိသတ်ကြီးရှင့်… ဒီနေ့တော့ မိုးရဲ့ ဘဝမှာ အရေးကြီးဆုံးလူသားတစ်ယောက်ဖြစ်တဲ့ ဖေဖေ့ကို နောက်ဆုံးနှုတ်ဆက်ပို့ဆောင်ဖြစ်ခဲ့ပါတယ်။ မိုးအနေနဲ့ ဖေဖေ့ကို တတ်နိုင်သမျှ ပြုစုစောင့်ရှောက်ပေးခွင့်ရခဲ့လို့ အခုလို ကြိုးစားပြီး စိတ်ဖြေသိမ့်လို့ရတယ်လို့ ထင်ပါတယ်ရှင်။ ဒီနေ့တော့ မိုး ဖေဖေ့အရိုးပြာကို ရန်ကုန်မြစ်ထဲ မျှောပြီး နောက်ဆုံးနှုတ်ဆက်တဲ့အထိမ်းအမှတ်အနေနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။ မိုးကို ဖေဖေ့နောက်ဆုံးအချိန်တစ်လျှောက်လုံး အားပေးကူညီပေးခဲ့တဲ့ မိတ်ဆွေတွေကိုလည်း ကျေးဇူးတင်ရှိကြောင်း ဒီကနေပဲ ပြောချင်ပါတယ်ရှင်။ တစ်ယောက်ချင်းစီကို မိုး စာမပြန်ခဲ့မိရင်လည်း နားလည်ပေးပါလို့ ပြောကြားပါရစေနော်။ ချစ်တဲ့ မိုး” ဆိုပြီး ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။

မိုးဟေကိုကတော့ သူမမိခင်ကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး သူမရဲ့ ဖခင်ကလည်း တစ်နှစ်ကျော်အကြာမှာ ကွယ်လွန်သွားခဲ့တာပဲ ဖြစ်ပါတယ်။ မိုးရဲ့ဖေဖေလည်း ကောင်းရာဘုံဘဝကို ရောက်ရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Moe Hay Ko ‘s fb

error: Alert: Content is protected !!