ဖခင်ကြီး စိုင်းထီးဆိုင်ရဲ့သီချင်းတွေကို ခွင့်ပြုချက်မတောင်းပဲ Cover Song သီဆိုမှု ခွင့်မပြုဘူးလို့ အသိပေးလာတဲ့ တေးသံရှင်ဆိုင်စံ
နိုင်ငံကျော် တေးရေးတေးဆို စိုင်းထီးဆိုင် ကတော့ တေးချစ်သူပရိသတ်တွေကို သူ့ရဲ့ သီချင်းကောင်းတွေနဲ့ ဖျော်ဖြေတင်ဆက်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။ နိုင်ငံကျော် ဂီတအနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့် သူ့ရဲ့သီချင်းတွေကို ပရိသတ်တွေက အပျော်သီဆိုကြသလို တချို့ကလည်း စီးပွားဖြစ်ပြန်လည်သီဆိုကြတာကြောင့် စိုင်းထီးဆိုင်ရဲ့မိသားစုတွေက တေးသီချင်းမူပိုင်ခွင့်နဲ့ပတ်သက်ပြီး အခုလိုပဲ အသိပေးလာခဲ့တာကို တွေ့ရပါတယ်။
“ကျမရဲ့အဖေ တေးသံရှင် စိုင်းထီးဆိုင် ရေးသားခဲ့သောတေးသီချင်းများကို cover song အနေဖြင့် သီဆိုခွင့်ပြုမှာမဟုတ်ပါကြောင်း (ပရိတ်သတ်များမှ အပျော်သဘော ဂစ်တာဖြင့်ဖြစ်စေ piano ဖြင့်ဖြစ်စေ ကိုယ်တိုင်တီးဆိုပြီး facebookတင်ခြင်းမှလွဲ၍ ခွင့်မပြုပါ) Studioတွင် တီးခတ်အသံသွင်း MV, Lyric Video များပြုလုပ်ပြီး Facebook , You Tube,နှင့် အခြား social mediaများတွင် ခွင့်မတောင်းပဲ အသုံးပြုသီဆိုခွင့် တင်ခွင့်မရှိပါဘူး။ တင်ထားပြီးသားရှိနေခဲ့ရင်လဲ ပြန်လည်ဖြုတ်ချပေးပါရှင်။ ဆက်လက်တွေ့ရှိနေရမယ်ဆိုရင် တရားဥပဒေအရအရေးယူမှာဖြစ်ပါတယ်။ တေးသံရှင်စိုင်းထီးဆိုင်မိသားစု” ဆိုပြီး စိုင်းထီးဆိုင်ရဲ့ သမီးဖြစ်သူ တေးသံရှင်ဆိုင်စံက သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အသိပေးလာခဲ့တာဖြစ်ပါတယ်။
တေးသံရှင်ကြီး စိုင်းထီးဆိုင်ရဲ့ မိသားစုဝင်တွေကတော့ စိုင်းထီးဆိုင်ရဲ့ သီချင်းတွေကို ခွင့်မတောင်းပဲ စီးပွားဖြစ်သုံးစွဲနေမှုတွေကြောင့် အခုလိုကြေငြာချက်ထုတ်ပြန်ခဲ့ရတာဖြစ်ပြီး ဆက်လက်တွေ့ရှိနေရင်လည်း တရားဥပဒေနဲ့အညီဆောင်ရွက်မယ်လို့ ပြတ်သားစွာအသိပေးလာခဲ့တာပဲဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Hseng Sam’s fb
ဇော်ဂျီဖြင့်ဖတ်ရန်
ဖခင္ၾကီး စိုင္းထီးဆိုင္ရဲ႕သီခ်င္းေတြကို ခြင့္ျပဳခ်က္မေတာင္းပဲ Cover Song သီဆိုမႈ ခြင့္မျပဳဘူးလို႔ အသိေပးလာတဲ့ ေတးသံရွင္ဆိုင္စံ
ႏိုင္ငံေက်ာ္ ေတးေရးေတးဆို စိုင္းထီးဆိုင္ ကေတာ့ ေတးခ်စ္သူပရိသတ္ေတြကို သူ႔ရဲ႕ သီခ်င္းေကာင္းေတြနဲ႔ ေဖ်ာ္ေျဖတင္ဆက္ေပးႏိုင္ခဲ့သူျဖစ္ပါတယ္။ ႏိုင္ငံေက်ာ္ ဂီတအႏုပညာရွင္တစ္ေယာက္ျဖစ္တာေၾကာင့္ သူ႔ရဲ႕သီခ်င္းေတြကို ပရိသတ္ေတြက အေပ်ာ္သီဆိုၾကသလို တခ်ိဳ႕ကလည္း စီးပြားျဖစ္ျပန္လည္သီဆိုၾကတာေၾကာင့္ စိုင္းထီးဆိုင္ရဲ႕မိသားစုေတြက ေတးသီခ်င္းမူပိုင္ခြင့္နဲ႔ပတ္သက္ၿပီး အခုလိုပဲ အသိေပးလာခဲ့တာကို ေတြ႕ရပါတယ္။
“က်မရဲ႕အေဖ ေတးသံရွင္ စိုင္းထီးဆိုင္ ေရးသားခဲ့ေသာေတးသီခ်င္းမ်ားကို cover song အေနျဖင့္ သီဆိုခြင့္ျပဳမွာမဟုတ္ပါေၾကာင္း (ပရိတ္သတ္မ်ားမွ အေပ်ာ္သေဘာ ဂစ္တာျဖင့္ျဖစ္ေစ piano ျဖင့္ျဖစ္ေစ ကိုယ္တိုင္တီးဆိုၿပီး facebookတင္ျခင္းမွလြဲ၍ ခြင့္မျပဳပါ) Studioတြင္ တီးခတ္အသံသြင္း MV, Lyric Video မ်ားျပဳလုပ္ၿပီး Facebook , You Tube,ႏွင့္ အျခား social mediaမ်ားတြင္ ခြင့္မေတာင္းပဲ အသုံးျပဳသီဆိုခြင့္ တင္ခြင့္မရွိပါဘူး။ တင္ထားၿပီးသားရွိေနခဲ့ရင္လဲ ျပန္လည္ျဖဳတ္ခ်ေပးပါရွင္။ ဆက္လက္ေတြ႕ရွိေနရမယ္ဆိုရင္ တရားဥပေဒအရအေရးယူမွာျဖစ္ပါတယ္။ ေတးသံရွင္စိုင္းထီးဆိုင္မိသားစု” ဆိုၿပီး စိုင္းထီးဆိုင္ရဲ႕ သမီးျဖစ္သူ ေတးသံရွင္ဆိုင္စံက သူမရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ အသိေပးလာခဲ့တာျဖစ္ပါတယ္။
ေတးသံရွင္ႀကီး စိုင္းထီးဆိုင္ရဲ႕ မိသားစုဝင္ေတြကေတာ့ စိုင္းထီးဆိုင္ရဲ႕ သီခ်င္းေတြကို ခြင့္မေတာင္းပဲ စီးပြားျဖစ္သုံးစြဲေနမႈေတြေၾကာင့္ အခုလိုေၾကျငာခ်က္ထုတ္ျပန္ခဲ့ရတာျဖစ္ၿပီး ဆက္လက္ေတြ႕ရွိေနရင္လည္း တရားဥပေဒနဲ႔အညီေဆာင္႐ြက္မယ္လို႔ ျပတ္သားစြာအသိေပးလာခဲ့တာပဲျဖစ္ပါတယ္။
ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား page မ်ား ႏွင့္ websites မ်ား မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။
Source: Hseng Sam’s fb