ဖခင်ကြီးဦးခင်လှိုင်ကို ထိပါးလာတဲ့အတွက် မင်းမော်ကွန်းကို သူမတို့မိသားစုရဲ့အခြေအနေမှန်ကို ပြောပြလာခဲ့တဲ့ သဇင်ထူးမြင့်

သရုပ်ဆောင် အကယ်ဒမီ မင်းမော်ကွန်းကတော့ ဒီကနေ့ သြဂုတ်လ (၂၅) ရက်နေ့မှာ ဖေ့စ်ဘုတ်စာမျက်နှာကနေ Live လွှင့်ဈေးရောင်းပြီး ပုံမှန်လိုလည်ပတ်နေတဲ့ ခင်လှိုင်ကို နာမည်တပ်ပြီး သတိပေးစကားဆိုခဲ့တာ ပရိသတ်ကြီးအားလုံးသိပြီးသားဖြစ်မှာပါ။ ခင်လှိုင်ကတော့ မင်းမော်ကွန်းရဲ့ သတိပေးမှုအပေါ် ပထမတစ်ကြိမ်မှာ လေးစားစွာ Live ပိတ်ပေးခဲ့ပြီး ဒုတိယတကြိမ်မှာတော့ ဘာကိုမှတုံ့ပြန်ခြင်းမရှိတာကို တွေ့ရပါတယ်။ ဒါပေမယ့် ခင်လှိုင်ရဲ့သမီး သဇင်ထူးမြင့်ကတော့ ဖခင်ဖြစ်သူကိုထိပါးလာခဲ့တဲ့အတွက် မင်းမော်ကွန်းကို တုံ့ပြန်စကားပြန်လည်ပြောဆိုခဲ့တာကို တွေ့ရပါတယ်။

သဇင်ထူးမြင့်က “လေးစားရပါသောအကိုကျော်ကျော်ဌေးလွင်ရှင်.. စကားအမှားပါသွားခဲ့ရင် ကြိုတောင်းပန်ပါတယ် ညီမအကောင့်ကနေ အကို့ကို တစ်ခါမှမblockခဲ့ဖူးပါဘူး အကို့ဘက်ကပဲ ညီမကို blockထားတဲ့အတွက် ဒီစာလေးကို တစ်ဆင့်ပြပေးပါရှင့်။ ညီမတို့မျက်ရည်ခံထိုးနေခြင်းမဟုတ်ပါ။  ညီမတို့ အားလုံးအတူတူရှိခဲ့ကြသည်မှန်ပါသည် တခါလေးမှအပေါ်ယံစိတ်နဲ့မလုပ်ခဲ့ဖူးပါ ဒုက္ခများစွာလည်းရင်ဆိူင်ခဲ့ရပါတယ်။ အဆုံးထိစွန့်လွှတ်ခဲ့တဲ့သူတွေနဲ့ယှဉ်ပြီးမပြောပလောက်ပေမယ့် တစ်မိသားစုလုံးရောက်ခဲ့တဲ့ဒုက္ခတိုင်းကို အနားကသူတွေအသိကြဆုံးပါ။ ညီမတို့အလုပ်တွေကို တစ်နှစ်လုံးနားခဲ့တာပါ။ ဘာဝင်ငွေမှမရှိပဲနေခဲ့တာပါ မေမေ့ကျန်းမာရေးအောက်ပိုင်းသေမလိုထိဖြစ်တဲ့ချိန်မှာ ညီမပိုက်ဆံအရမ်းလိုလို့ကြော်ငြာလေးပြန်စရိုက်ပါတယ် ပြီးတော့မေမေသက်သာချိန်မှာ ဖေဖေဆီးကျောက်တည်တာကနေ သွေးအန်တဲ့ထိဖြစ်လို့ မနည်းပြန်ကုထားရတာပါ ရောဂါတွေတခုပြီးတခုဖြစ်ကြချိန် ဝင်ငွေအရမ်းလိုအပ်ပါတယ်။ ဒါတွေအနားကလူတွေသာအသိဆုံးပါ”

“ညီမတို့ကို အချမ်းသာဆုံး လူရွှင်တော်လို့ပြောတဲ့တိုင်းလေး တကယ်ဖြစ်ချင်ပါတယ် ဒီလိုအကုန်ခက်ခဲနေတဲ့ကာလမှာ ဘယ်လိုလူမျိုးမို့လို့ ဘာအလုပ်မှမလုပ်ပဲထိုင်စားနိုင်မှာလဲရှင့်။ ညီမတို့လည်း သာမန်ပြည်သူထဲက ပြည်သူတွေပါ ဒုက္ခတွေဆိုတာလူတိုင်းမှာရှိပါတယ်။ ဖေဖေလည်းအများနည်းတူမိသားစုအတွက်ရိုးရိုးသားသားliveဈေးရောင်းတာပါ ပျော်ရွှင်နေတဲ့ဘဝကို liveကြီးလွှင့်ပြီးချပြနေတာမဟုတ်ပါဘူးရှင့်။ မနေ့ကလည်း ဖေဖေ အကို့ကို မblockခဲ့ပါဘူးရှင် စဖြစ်ဖြစ်ချင်းliveရပ်ခဲ့ပါတယ်။ ဖေဖေစိတ်မကောင်းမှာစိုးလို့ စာတွေမဖတ်မိအောင် Facebook messenger တွေ ညီမကိုယ်တိုင်app ကိုဖျက်ထားပေးတာပါ မblockတာကို ညီမတို့အသိဆုံးပါ။ စီးပွါးရေးလို့ ကြီးကြီးကျယ်ကျယ်ပြောလို့ရအောင်ထိ ဝင်ငွေများရှိခဲ့ရင် ဘာတစ်ခုမှအလုပ်မလုပ်တော့ပဲတကယ်နေချင်ပါတယ် မိသားစုစားဝတ်နေရေးတွက်အလုပ်လေးတော့လုပ်ပါရစေရှင့်။ မိသားစုမှာဖြစ်ပေါ်နေတဲ့ချပြလို့မရတဲ့အခက်ခဲတွေ ဝန်ထုပ်ဝန်ပိုးတွေကို အဆင်ပြေသလိုလေး ကြိုးစားဖြေရှင်းနေရတာပါ။ အခုလိုအခက်ခဲတွေ အကြပ်တည်းတွေရင်ဆိုင်နေရချိန်မှာ မန်းလေးမှာရှိတဲ့ အဒေါ်မိသားစုက ကူညီစောင့်ရှောက်ပေးခဲ့တဲ့ကျေးဇူးကြောင့်သာ ညီမတို့မိသားစုလေးဟန်မပျက် နေနိုင်ခဲ့တာပါ။ အဲ့ဒီကျေးဇူးတွေကြောင့် အဒေါ်မိသားစုပိုင်ဆိုင်တဲ့ ဆိုင်လေးကို တတ်နိုင်တဲ့အနုပညာလေးနဲ့ ညီမတို့ ဝိုင်းဝန်းကြော်ညာပေးခဲ့တယ်။ ညီမတို့ကို အားပေးခဲ့တဲ့သူတွေကြောင့်သာ ယခုအခြေနေလေးရောက်ခဲ့တာပါ။ လက်ရှိအခြေနေမှာ ညီမတို့မိသားစုလုပ်ရပ်က ပစ်တင်ရှုတ်ချစရာဖြစ်နေခဲ့ရင်လည်း ကျေနပ်စွာလက်ခံပါ့မယ်။ အမှားများပါခဲ့ရင်လည်း ထပ်ပြီးတောင်းပန်ပါတယ် မိသားစုအခက်အခဲနဲ့ စားဝတ်နေရေးများကြောင့်အလုပ်လေးတော့ဆက်လုပ်သွားမှာမို့ လေးစားချစ်ခင်စွာလေးအသိပေးပါရစေရှင့်။ ချစ်ခင်လေးစားလျက်ပါ အကိုရေ စိတ်ကျန်းမာ ကိုယ်ချမ်းသာပြီး အစစအရာရာအဆင်ပြေချော့မွေ့ပါစေအကို🙏”ဆိုပြီး ရေးသားခဲ့တာဖြစ်ပါတယ်။

သဇင်ထူးမြင့်ကတော့ သူမတို့မိသားစုအခြေအနေကို သူမကိုယ်တိုင်သာသိတာမို့ မိဘနှစ်ပါးရဲ့ကျန်းမာရေးအခြေအနေနဲ့ မိသားစုစားဝတ်နေရေးအတွက် အလုပ်လေးတွေကို ဆက်ပြီးလုပ်ကိုင်သွားမှာဖြစ်ပြီး ပစ်တင်ရှုတ်ချစရာဖြစ်နေခဲ့ရင်လည်း ကျေနပ်စွာလက်ခံပါ့မယ်လို့ ပြောလာတာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Thazin Htoo Myint ‘s fb

ဖခင်ကြီးဦးခင်လှိုင်ကို ထိပါးလာတဲ့အတွက် မင်းမော်ကွန်းကို သူမတို့မိသားစုရဲ့အခြေအနေမှန်ကို ပြောပြလာခဲ့တဲ့ သဇင်ထူးမြင့်

သရုပ်ဆောင် အကယ်ဒမီ မင်းမော်ကွန်းကတော့ ဒီကနေ့ သြဂုတ်လ (၂၅) ရက်နေ့မှာ ဖေ့စ်ဘုတ်စာမျက်နှာကနေ Live လွှင့်ဈေးရောင်းပြီး ပုံမှန်လိုလည်ပတ်နေတဲ့ ခင်လှိုင်ကို နာမည်တပ်ပြီး သတိပေးစကားဆိုခဲ့တာ ပရိသတ်ကြီးအားလုံးသိပြီးသားဖြစ်မှာပါ။ ခင်လှိုင်ကတော့ မင်းမော်ကွန်းရဲ့ သတိပေးမှုအပေါ် ပထမတစ်ကြိမ်မှာ လေးစားစွာ Live ပိတ်ပေးခဲ့ပြီး ဒုတိယတကြိမ်မှာတော့ ဘာကိုမှတုံ့ပြန်ခြင်းမရှိတာကို တွေ့ရပါတယ်။ ဒါပေမယ့် ခင်လှိုင်ရဲ့သမီး သဇင်ထူးမြင့်ကတော့ ဖခင်ဖြစ်သူကိုထိပါးလာခဲ့တဲ့အတွက် မင်းမော်ကွန်းကို တုံ့ပြန်စကားပြန်လည်ပြောဆိုခဲ့တာကို တွေ့ရပါတယ်။

သဇင်ထူးမြင့်က “လေးစားရပါသောအကိုကျော်ကျော်ဌေးလွင်ရှင်.. စကားအမှားပါသွားခဲ့ရင် ကြိုတောင်းပန်ပါတယ် ညီမအကောင့်ကနေ အကို့ကို တစ်ခါမှမblockခဲ့ဖူးပါဘူး အကို့ဘက်ကပဲ ညီမကို blockထားတဲ့အတွက် ဒီစာလေးကို တစ်ဆင့်ပြပေးပါရှင့်။ ညီမတို့မျက်ရည်ခံထိုးနေခြင်းမဟုတ်ပါ ညီမတို့ အားလုံးအတူတူရှိခဲ့ကြသည်မှန်ပါသည် တခါလေးမှအပေါ်ယံစိတ်နဲ့မလုပ်ခဲ့ဖူးပါ ဒုက္ခများစွာလည်းရင်ဆိူင်ခဲ့ရပါတယ်။ အဆုံးထိစွန့်လွှတ်ခဲ့တဲ့သူတွေနဲ့ယှဉ်ပြီးမပြောပလောက်ပေမယ့် တစ်မိသားစုလုံးရောက်ခဲ့တဲ့ဒုက္ခတိုင်းကို အနားကသူတွေအသိကြဆုံးပါ။ ညီမတို့အလုပ်တွေကို တစ်နှစ်လုံးနားခဲ့တာပါ။ ဘာဝင်ငွေမှမရှိပဲနေခဲ့တာပါ မေမေ့ကျန်းမာရေးအောက်ပိုင်းသေမလိုထိဖြစ်တဲ့ချိန်မှာ ညီမပိုက်ဆံအရမ်းလိုလို့ကြော်ငြာလေးပြန်စရိုက်ပါတယ် ပြီးတော့မေမေသက်သာချိန်မှာ ဖေဖေဆီးကျောက်တည်တာကနေ သွေးအန်တဲ့ထိဖြစ်လို့ မနည်းပြန်ကုထားရတာပါ ရောဂါတွေတခုပြီးတခုဖြစ်ကြချိန် ဝင်ငွေအရမ်းလိုအပ်ပါတယ်။ ဒါတွေအနားကလူတွေသာအသိဆုံးပါ”

“ညီမတို့ကို အချမ်းသာဆုံး လူရွှင်တော်လို့ပြောတဲ့တိုင်းလေး တကယ်ဖြစ်ချင်ပါတယ် ဒီလိုအကုန်ခက်ခဲနေတဲ့ကာလမှာ ဘယ်လိုလူမျိုးမို့လို့ ဘာအလုပ်မှမလုပ်ပဲထိုင်စားနိုင်မှာလဲရှင့်။ ညီမတို့လည်း သာမန်ပြည်သူထဲက ပြည်သူတွေပါ ဒုက္ခတွေဆိုတာလူတိုင်းမှာရှိပါတယ်။ ဖေဖေလည်းအများနည်းတူမိသားစုအတွက်ရိုးရိုးသားသားliveဈေးရောင်းတာပါ ပျော်ရွှင်နေတဲ့ဘဝကို liveကြီးလွှင့်ပြီးချပြနေတာမဟုတ်ပါဘူးရှင့်။ မနေ့ကလည်း ဖေဖေ အကို့ကို မblockခဲ့ပါဘူးရှင် စဖြစ်ဖြစ်ချင်းliveရပ်ခဲ့ပါတယ်။ ဖေဖေစိတ်မကောင်းမှာစိုးလို့ စာတွေမဖတ်မိအောင် Facebook messenger တွေ ညီမကိုယ်တိုင်app ကိုဖျက်ထားပေးတာပါ မblockတာကို ညီမတို့အသိဆုံးပါ။ စီးပွါးရေးလို့ ကြီးကြီးကျယ်ကျယ်ပြောလို့ရအောင်ထိ ဝင်ငွေများရှိခဲ့ရင် ဘာတစ်ခုမှအလုပ်မလုပ်တော့ပဲတကယ်နေချင်ပါတယ် မိသားစုစားဝတ်နေရေးတွက်အလုပ်လေးတော့လုပ်ပါရစေရှင့်။ မိသားစုမှာဖြစ်ပေါ်နေတဲ့ချပြလို့မရတဲ့အခက်ခဲတွေ ဝန်ထုပ်ဝန်ပိုးတွေကို အဆင်ပြေသလိုလေး ကြိုးစားဖြေရှင်းနေရတာပါ။ အခုလိုအခက်ခဲတွေ အကြပ်တည်းတွေရင်ဆိုင်နေရချိန်မှာ မန်းလေးမှာရှိတဲ့ အဒေါ်မိသားစုက ကူညီစောင့်ရှောက်ပေးခဲ့တဲ့ကျေးဇူးကြောင့်သာ ညီမတို့မိသားစုလေးဟန်မပျက် နေနိုင်ခဲ့တာပါ။ အဲ့ဒီကျေးဇူးတွေကြောင့် အဒေါ်မိသားစုပိုင်ဆိုင်တဲ့ ဆိုင်လေးကို တတ်နိုင်တဲ့အနုပညာလေးနဲ့ ညီမတို့ ဝိုင်းဝန်းကြော်ညာပေးခဲ့တယ်။ ညီမတို့ကို အားပေးခဲ့တဲ့သူတွေကြောင့်သာ ယခုအခြေနေလေးရောက်ခဲ့တာပါ။ လက်ရှိအခြေနေမှာ ညီမတို့မိသားစုလုပ်ရပ်က ပစ်တင်ရှုတ်ချစရာဖြစ်နေခဲ့ရင်လည်း ကျေနပ်စွာလက်ခံပါ့မယ်။ အမှားများပါခဲ့ရင်လည်း ထပ်ပြီးတောင်းပန်ပါတယ် မိသားစုအခက်အခဲနဲ့ စားဝတ်နေရေးများကြောင့်အလုပ်လေးတော့ဆက်လုပ်သွားမှာမို့ လေးစားချစ်ခင်စွာလေးအသိပေးပါရစေရှင့်။ ချစ်ခင်လေးစားလျက်ပါ အကိုရေ စိတ်ကျန်းမာ ကိုယ်ချမ်းသာပြီး အစစအရာရာအဆင်ပြေချော့မွေ့ပါစေအကို🙏”ဆိုပြီး ရေးသားခဲ့တာဖြစ်ပါတယ်။

သဇင်ထူးမြင့်ကတော့ သူမတို့မိသားစုအခြေအနေကို သူမကိုယ်တိုင်သာသိတာမို့ မိဘနှစ်ပါးရဲ့ကျန်းမာရေးအခြေအနေနဲ့ မိသားစုစားဝတ်နေရေးအတွက် အလုပ်လေးတွေကို ဆက်ပြီးလုပ်ကိုင်သွားမှာဖြစ်ပြီး ပစ်တင်ရှုတ်ချစရာဖြစ်နေခဲ့ရင်လည်း ကျေနပ်စွာလက်ခံပါ့မယ်လို့ ပြောလာတာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Thazin Htoo Myint ‘s fb

error: Alert: Content is protected !!