ဖခင်ကြီးကွယ်လွန်ပြီးရက်ပိုင်းအတွင်းမှာပဲ သိန်း (၅၀၀၀) တန် ကိုယ်ပိုင်အိမ်ကြီးကို ရောင်းချတော့မယ်ဆိုတဲ့ နန်းမွေစံ

ပုရိသတွေရဲ့ အသည်းနှလုံးကို ဖမ်းစားထားနိုင်သူ နန်းမွေစံကတော့ အမိုက်စားကောက်ကြောင်းအချိုးအစားကြောင့် နာမည်ကြီးသူတစ်ယောက်ဖြစ်ပါတယ်။ ပရော်ဖက်ရှင်နယ် ဆက်စီမော်ဒယ်လ်တစ်ယောက်အဖြစ် ရပ်တည်နေတဲ့ နန်းမွေစံဟာ သူမရဲ့ဆရာဝန်ဆိုတဲ့ ဂုဏ်ပုဒ်ကိုစွန့်လွှတ်ထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒီကနေ့မှာတော့ နန်းမွေစံက သူမရဲ့ကိုယ်ပိုင်အိမ်ကြီးကိုရောင်းချတော့မယ်လို့ သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေ အရောင်းပိုစ့်တင်လာခဲ့ပါတယ်။

နန်းမွေစံက “မြောက်ဒဂုံ ၃၅ ရပ်ကွက် နေရာကောင်းက မွေစံရဲ့ လက်ရှိနေအိမ်ကို ပြန်ရောင်းပါမယ်🥰 ဂရံ ရှိ🤩 မွေစံရဲ့မိခင် Dr Kyu Kyu Swe နာမည်နဲ့ပါ 🤩special power ကမွေစံရဲ့နာမည်နဲ့ပါ RC ၂ ထပ်တိုကိ master 3 ခန်း single 2 ခန်း အပေါ်ထပ်အောက်ထပ် ပါကေးခင်းပီး decoration ပြင်ဆင်ပီး ခေါ်ဈေး သိန်း ၅၀၀၀ ပါပဲ အလျှော့အတင်းရှိပါတယ်နော်” ဆိုပြီး သူမရဲ့အိမ်ကြီးကိုရောင်းချမယ့်အကြောင်း ပြောလာတာပဲဖြစ်ပါတယ်။

နန်းမွေစံကတော့ သူမရဲ့ အနုပညာဝမ်းစာနဲ့ ရှာဖွေထားတဲ့ အိမ်ကြီးကိုရောင်းချတော့မှာဖြစ်တယ်လို့ သိရတာပဲဖြစ်ပါတယ်။ နန်းမွေစံက ပြီးခဲ့တဲ့ရက်ပိုင်းကလည်း သူမရဲ့ဖခင်ကြီးကို ဆုံးရှုံးလိုက်ရတာဖြစ်ပြီး လတ်တလောမှာ ဖခင်အတွက်ရည်စူးပြီး ကုသိုလ်ကောင်းမှုတွေပြုလုပ်ပေးနေတာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Nang Mwe San ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်






Source: Nang Mwe San ‘s fb

error: Alert: Content is protected !!