ပွဲနေ့ကမီဒီယာတွေရိုက်ကူးတဲ့ဓာတ်ပုံနဲ့ ကိုယ်တိုင်တင်တဲ့ဓာတ်ပုံတွေ ကွာခြားနေရတဲ့အကြောင်းကို ပညာသားပါပါဖြေကြားခဲ့တဲ့ ရွှေထူး

အနုပညာလောကရဲ့ နာမည်ကြီးဇနီးမောင်နှံဖြစ်တဲ့ ရွှေထူးနဲ့ရွှေမှုံရတီတို့ကတော့ ကပ်ရောဂါတွေကြောင့်ရော နိုင်ငံရေးအခြေအနေတွေကြောင့်ရော အနုပညာအလုပ်တွေလုပ်ကိုင်တာ နည်းပါးသွားခဲ့ပြီး ပရိသတ်တွေရှေ့ကနေပါ နှစ်အတော်ကြာပျောက်ကွယ်သွားခဲ့တာပဲဖြစ်ပါတယ်။ ရွှေထူးကတော့ ပြီးခဲ့တဲ့လတွေမှာ သီချင်းသစ်ထွက်ရှိခဲ့ပြီး ရွှေမှုံရတီကတော့ အခုချိန်ထိ ရုပ်ရှင်ဇာတ်ကားတွေမရိုက်ကူးသေးတာကို တွေ့ရပါတယ်။

မနေ့က မေလ (၁၉) ရက်နေ့မှာတော့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ဇနီးမောင်နှံက Huawei Nova Y70 ဖုန်းသစ်မိတ်ဆက်ပွဲကို တက်ရောက်ခဲ့ကြပါတယ်။ ဒီကနေ့မှာတော့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ဟာ ပွဲတက်အမှတ်တရဓာတ်ပုံတွေကိုတင်ခဲ့ပြီး အဆိုပါဓာတ်ပုံတွေဟာ မီဒီယာတွေကတင်တဲ့ဓာတ်ပုံနဲ့ လုံးဝကွာခြားနေတာကြောင့် ပရိသတ်တွေက ရွှေထူးကို စနောက်ခဲ့ပါတယ်။ ရွှေထူးကတော့ ပွဲနေ့ကပုံနဲ့ ယခုပုံကွာခြားနေရတာ “ဒါက Huaweinovay70 နဲ့မရိုက်ခင်ပုံလေးပါ 🙄” ဆိုပြီး ပညာသားပါပါဖြေကြားခဲ့ပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီတို့ကတော့ Huawei ရဲ့ Brand Ambassador တွေပီပီ Huawei ရဲ့ ပွဲတိုင်းကို တက်ရောက်ပေးရပြီး ဒီတစ်ခေါက်ဟာလည်း ပရိသတ်ရှေ့ကနေ ပျောက်ကွယ်နေတာ တစ်နှစ်ကျော်အကြာမှ Huawei ပွဲကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Shwe Htoo’s fb
ဇော်ဂျီဖြင့်ဖတ်ရန်






Source: Shwe Htoo’s fb

error: Alert: Content is protected !!