ပွဲတွေမသွားရတာ နှစ်နဲ့ချီကြာခဲ့တာကြောင့် ပထမဆုံးပွဲပြန်တက်ရချိန်မှာ လူသစ်တစ်ယောက်လိုရင်ခုန်ရတယ်ဆိုတဲ့ ဆောင်းဝတ်ရည်မေ

သရုပ်ဆောင် ဆောင်းဝတ်ရည်မေကတော့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်းနဲ့ပဲ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိခဲ့တာပဲဖြစ်ပါတယ်။ ဆောင်းဝတ်ရည်မေက လတ်တလောမှာတော့ ဇာတ်လမ်းတွဲရိုက်ကူးမှုတွေကို အနည်းအကျဉ်းသာလုပ်ကိုင်နေလျက်ရှိပြီး အရင်ကထက် အနုပညာလှုပ်ရှားမှုတွေကို လျှော့ပြီးလုပ်ကိုင်နေတာပဲဖြစ်ပါတယ်။

ဆောင်းဝတ်ရည်မေဟာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း Huawei ဖုန်းသစ်မိတ်ဆက်ပွဲကို တက်ရောက်ခဲ့ပြီး သူမအနေနဲ့ ပွဲတွေမတက်တာကြာတော့ စိတ်လှုပ်ရှားရင်ခုန်ကြောင်းကို “ပွဲတွေလည်းမသွားတာနှစ်နဲ့ကြာပြီ Mediaတွေရှေ့ အချိန်တော်တော်ကြာမှ ဒီပွဲလေးနဲ့ ပြန်ရောက်လာရတော့ လူသစ်တစ်ယောက်လိုရင်ခုန်ပြီး စိတ်လှုပ်ရှားမိတာတော့ အမှန်ပဲ 💜 ” ဆိုပြီး သူမရဲ့ ခံစားချက်လေးကို ပြောလာပါတယ်။

ဆောင်းဝတ်ရည်မေကတော့ လူသိများပြီးသား အနုပညာရှင်တစ်ယောက်ဆိုပေမယ့် အခုလို အချိန်အတော်ကြာ ပရိသတ်တွေနဲ့ မဆုံတွေ့ဖြစ်ရာမှ ပထမဦးဆုံးပွဲပြန်တက်ရတော့ ကိုယ့်ကိုကိုယ် လူသစ်တစ်ယောက်လို ခံစားရတယ်လို့ ပြောလာတာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Hsaung Wutyee May ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်







error: Alert: Content is protected !!