အဆိုတော်၊ သရုပ်ဆောင် စန္ဒီမြင့်လွင်ကတော့ ဂီတလောကမှာရော ရုပ်ရှင်လောကမှာရော လူသိများကျော်ကြားသူတစ်ယောက်ဖြစ်ပါတယ်။ စန္ဒီမြင့်လွင်က အနုပညာအလုပ်တွေမှာ အောင်မြင်မှုရရှိသလို မိသားစုနဲ့ပတ်သက်လာရင်လည်း ကံကောင်းသူလေးတစ်ယောက်ဖြစ်ပါတယ်။ အထူးသဖြင့် စန္ဒီမြင့်လွင်ဟာ သူမအပေါ်အရမ်းချစ်ပြီး လိမ္မာရေးခြားရှိတဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။

စန္ဒီမြင့်လွင်ရဲ့ သမီးလေးကတော့ အရမ်းကိုချစ်စရာကောင်းပြီး အပြုအမူလေးတွေကအစ သဘောကျချင်စဖွယ် ကလေးလေးပဲဖြစ်ပါတယ်။ ဒီကနေ့မှာလည်း စန္ဒီမြင့်လွင်က ပွဲတစ်ခုမှာ စင်ပေါ်ထိတက်လာပြီး မေမေ့ဘေးနားသီချင်းလာဆိုတဲ့ သမီးလေးထရက်ရှာအကြောင်းကို “သမီးလေးကိုလက်ဆွဲပီးစင်ပေါ်မှာသီချင်းဆိုရလိမ့်မယ်လို့ အိမ်မက်တောင်မမက်ခဲ့ဖူးဘူး။ ဒါလေးကတော့ထရက်ရှာ့ရဲ့ပွဲမှာမေမေကSupport ပေးတဲ့အနေနဲ့ တောင်းဆိုလို့ဆိုပေးခဲ့တာပါ အမှတ်တရအနေနဲ့သိမ်းထားပါရစေနော်🥰 Treasure ကတော့ စင်ပေါ်ကောက်ကခနဲ့တက်လာပီးလုံးဝကိုသီချင်းပီးတဲ့အထိမဆင်းတာနော်😅” ဆိုပြီး သမီးလေးရဲ့ ဗီဒီယိုလေးကို ပြသလာပါတယ်။

စန္ဒီမြင့်လွင်ရဲ့ သမီးလေး ထရက်ရှာကတော့ မေမေ့ဆီက အနုပညာသွေးတွေ စီးဆင်းနေသလားထင်ရလောက်အောင် သရုပ်ဆောင်တာလည်း ဝါသနာပါပြီး သီချင်းဆိုတာလည်း ဝါသနာပါသူတစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ထရက်ရှာလေးရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး သဘောကျနေကြမယ်ဆိုတာ သေချာပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Yolo
Source: Sandy Myint Lwin ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်

error: Alert: Content is protected !!