ပွစိပွစိပြောတတ်ပေမယ့် ခင်ပွန်းသည်ကိုစိတ်ပူပြီးဂရုစိုက်တဲ့ ရွှေမှုံရတီအကြောင်းကို ပြောပြလာတဲ့ ရွှေထူး
နိုင်ငံကျော် ငွေကြယ်ပွင့် နှစ်ပွင့် ဖြစ်ကြတဲ့ ရွှေထူး နဲ့ ရွှေမှုံရတီက အနုပညာလုပ်ငန်းတွေမှာလည်း ကိုယ်စီအောင်မြင်မှုရရှိနေသလို သာယာတဲ့ အိမ်ထောင်ရေးကိုလည်း အတူတကွ တည်ဆောက်ထားကြသူများ ဖြစ်ပါတယ်။ ရွှေထူး နဲ့ ရွှေမှုံရတီက အောင်မြင်တဲ့ အနုပညာလမ်းမပေါ် ကို လျှောက်လှမ်းနေ ကြသလို တစ်ယောက်ရဲ့ အလုပ်တွေမှာလည်း တစ်ယောက် တတ်နိုင်သလောက် ပံ့ပိုးမှုတွေ ပြုလုပ်နေကြတဲ့ ချစ်စရာဇနီးမောင်နှံပဲ ဖြစ်ကြပါတယ်။ စစ်မှန်တဲ့ ချစ်ခြင်းအပေါ် အခြေပြုပြီး တည်ဆောက်ထားကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ အိမ်ထောင်ရေးကတော့ သာယာဖြောင့်ဖြူးစွာနဲ့ပဲ လူတကာက အားကျခြင်းခံရတယ်ဆိုလည်း မမှားပါဘူး။
အိမ်ထောင်သက်တွေကြာလာပြီဆိုပေမယ့် တစ်ယောက်ကိုတစ်ယောက် နွေးထွေးကြင်နာမှုတွေနဲ့ ဂရုစိုက်နေစမြဲဖြစ်တဲ့ ရွှေနှစ်ရွှေဟာ ဒီကနေ့မှာလည်း ပရိသတ်တွေအားကျရအောင် ပြုလုပ်လာခဲ့ပြန်ပါတယ်။ ရွှေထူးက သူ့ကိုစိတ်ပူပြီး ပွစိပွစိပြောနေတဲ့ ချစ်ဇနီးရဲ့ပုံရိပ်လေးကို အမိအရဓာတ်ပုံရိုက်ပြီး “ကျွန်တော့်ဦးထုပ်ကို နေပူမှာစိုးလို့ သူ့ပေးဆောင်းထားတာ သူကလည်း ကျွန်တော်ပူမှာစိုးလို့တဲ့ ပွစိပွစိပြောပြီး ခေါင်းတုံးကိုလက်နဲ့လိုက်အုပ်ရှာတာ.. သူလိုက်ပွားနေတာလေးချစ်လို့ Miss You မိန်းမ” ဆိုပြီးပြောပြလာပါတယ်။
ရွှေထူးကတော့ တစ်ယောက်နဲ့တစ်ယောက် ချစ်ပြီး ဂရုစိုက်ကြင်နာတဲ့ သူတို့ဇနီးမောင်နှံအကြောင်းကို ကြည်နူးစွာနဲ့ ပြောပြလာတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရွှေထူးနဲ့ ရွှေမှုံရတီတို့ဇနီးမောင်နှံကိုကြည့်ပြီး အားကျနေကြမယ်ထင်ပါတယ်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Yolo
Source: Shwe Htoo’s fb
ဇော်ဂျီဖြင့်ဖတ်ရန်
Yolo
Source: Shwe Htoo’s fb