ပြေးနေ၊ ပုန်းနေရတုန်းက အသေးအမွှားလေးကအစ ကိုယ်တိုင်ဂရုစိုက်ပေးခဲ့တဲ့ မေမေ့ရဲ့မေတ္တာကိုပြောပြပေးခဲ့တဲ့ ဖွေးဖွေး

နိုင်ငံကျော် အကယ်ဒမီများရှင် သရုပ်ဆောင် ဖွေးဖွေးကတော့ အနုပညာနဲ့ပတ်သက်လာရင် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသလို တည်ကြည်ပြတ်သားပြီး ခိုင်မာတဲ့ စိတ်ထားကြောင့်လည်း လူချစ်လူခင်ပေါများသူတစ်ယောက်ဖြစ်ပါတယ်။ ဖွေးဖွေးဟာ ပြီးခဲ့တဲ့နှစ် နိုင်ငံရေးပြဿနာတွေကြောင့် ပုဒ်မ (၅၀၅) ကနဲ့ ဖမ်းဝရမ်းထုတ်ခံခဲ့ရပြီး တိမ်းရှောင်နေခဲ့ရကာ ပြီးခဲ့တဲ့လတွေကမှ ဝရမ်းပယ်ဖျက်ခံရပြီး ပရိသတ်တွေရှေ့ကို ပြန်လည်ရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။

တစ်နှစ်နီးပါး နေအိမ်ရဲ့အဝေးမှာ ထွက်ပြေးတိမ်းရှောင်နေခဲ့ရတဲ့ ဖွေးဖွေးဟာ မိသားစုတွေနဲ့ ခွဲခွာနေရပေမယ့် မိသားစုရဲ့ ဂရုစိုက်ကြင်နာမှုကိုလည်း ရရှိခဲ့ပါတယ်။ ဒီကနေ့မှာတော ဖွေးဖွေးက ဦးထုတ်ဆောင်းထားတဲ့ ဓာတ်ပုံလေးကို တင်ပေးလာပြီး “ဒါ အမေချုပ်ပေးထားတဲ့ ဦးထုတ်.. ပြေးနေ ပုန်းနေရတုန်း က အချစ်တွေပြထားတာ ❤️‍🩹❤️‍🩹❤️‍🩹❤️‍🩹” ဆိုပြီး သူမမေမေရဲ့ ဂရုစိုက်မှုတွေကို ပြသလာပါတယ်။

ဖွေးဖွေးကတော့ သူမတိမ်းရှောင်နေရစဉ်မှာ ဖခင်ကြီးကွယ်လွန်သွားပေမယ့် မိခင်ရဲ့ ဂရုစိုက်ကြင်နာမှုတွေကို ရရှိခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ဖွေးဖွေးကို အရင်လိုအနုပညာအလုပ်တွေလုပ်ကိုင်တာမြင်ချင်ကြပေမယ့် ဖွေးဖွေးကတော့ သူမစိတ်ပါတဲ့အချိန်မှ အလုပ်တွေပြန်လုပ်မယ်လို့ ပြောဆိုထားသူဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Phway Phway’s fb

error: Alert: Content is protected !!