ပြည်သူ့ခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၇) နှစ်ပြည့်မွေးနေ့အတွက် ရဲဝံ့စွာမွေးနေ့ဆုတောင်းပေးခဲ့ကြတဲ့ အနုပညာရှင်များ
ဒီကနေ့ ဇွန်လ (၁၉) ရက်နေ့ကတော့ တစ်နိုင်ငံလုံးက အမေစုလို့ မြတ်မြတ်နိုးနိုးခေါ်ကြတဲ့ ပြည်သူ့ခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၇၇) နှစ်ပြည့်မွေးနေ့လေးပဲဖြစ်ပါတယ်။ လက်ရှိမှာလည်း စစ်အာဏာသိမ်းထားတဲ့ အခြေအနေဖြစ်တာမို့ ပြည်သူ့ခေါင်းဆောင်နဲ့ပတ်သက်ပြီး စစ်အာဏာရှင်တွေက တင်းကြပ်မှုတွေရှိနေပေမယ့် ပြည်သူတွေကတော့ အမေစုအတွက် အမြန်ဆုံးလွတ်မြောက်ပြီး ကျန်းကျန်းမာမာရှိစေဖို့ မမေ့မလျော့ပဲ မွေးနေ့ဆုတောင်းပေးနေကြဆဲဖြစ်ပါတယ်။
ပြည်သူတွေထဲကပြည်သူတွေဖြစ်တဲ့ အနုပညာရှင်တွေကလည်း သူတို့လေးစားတန်ဖိုးထားတဲ့ အမေစုအတွက် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရဲဝံ့စွာ မွေးနေ့ဆုတောင်းပေးလျက်ရှိတာကို တွေ့ရပါတယ်။ မင်းမော်ကွန်း၊ ဒေါင်း၊ ပိုင်တံခွန်၊ တင်ဇာမော်၊ ဇာဏ်ခီ၊ ချစ်သုဝေ၊ ကျော်သက်ဝေ၊ စိုးပြည့်သဇင်၊ ကိုပေါက်၊ Double J၊ R ဇာနည်၊ ချမ်းချမ်း၊ ယုဇန၊ နီနီခင်ဇော်၊ မေဦး၊ ဘုန်းရှိန်ခန့်၊ အိမ့်ချစ်စတဲ့ အနုပညာရှင်တွေကလည်း သူတို့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ ရဲရဲဝံ့ဝံ့မွေးနေ့ဆုတောင်းပေးခဲ့တာကို တွေ့ရပါတယ်။
တချို့သောအနုပညာရှင်တွေက အမေစုအတွက် ရဲဝံ့စွာ မွေးနေ့ဆုတောင်းပေးသလို အချို့အနုပညာရှင်တွေကတော့ နှုတ်ဆိတ်နေကြဆဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ပြည်သူတွေရဲ့ဆန္ဒနဲ့ထပ်တူကျပြီး နှလုံးသားချင်းထပ်တူကျတဲ့ အနုပညာရှင်တွေကတော့ အားပေးရကျိုးနပ်တယ်လို့ ဆိုနိုင်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။