ပြင်ဦးလွင်ရောက်ခိုက် Myanmar Idol မောင်နှမဖြစ်တဲ့ သားငယ်ရဲ့ဆိုင်လေးကို သွားရောက်လည်ပတ်ခဲ့တဲ့ ပိုးမီ
Myanmar Idol သီချင်းဆိုပြိုင်ပွဲကနေတဆင့် လူသိများလာခဲ့တဲ့ အဆိုတော်မလေး ပိုးမီကိုတော့ ပရိသတ်တွေအားလုံးသိပြီးသားဖြစ်မှာပါ။ ပိုးမီဟာ သူမဝါသနာပါတဲ့ ဂီတလမ်းကြောင်းကို လျှောက်လှမ်းဖို့ ကြိုးစားနေသူဖြစ်ပြီး ပရိသတ်တွေအတွက် သီချင်းတွေကိုလည်း ချပြဖို့ ကြိုးစားနေသူတစ်ယောက်ပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ပိုးမီက သူ့ရဲ့ Idol မိတ်ဆွေဟောင်းတစ်ယောက်ဖြစ်တဲ့ သားငယ်ရဲ့ဆိုင်လေးကို သွားရောက်လည်ပတ်ခဲ့တဲ့အကြောင်းကို အခုလိုပဲပြောလာပါတယ်။
သားငယ်က “ပြင်ဦးလွင်ခရီးသွားတုန်းက ချစ်သော မောင်လေး သားငယ်Thar Ngeနဲ့ ချမ်းငြိမ်းတို့ဆီ ဝင်လည်ခဲ့သည် .. မတွေ့ရ မဆုံရတာ ကြာတော့ … စကားတွေ ပြောမကုန် .. Idol က မောင်နှမတွေ အားလုံးကို လွမ်းမိတယ် .. ဆိုင်သစ်လေးလဲ ဖွင့်ထားပြီ ဆိုတော့ အများကြီး ရောင်းကောင်းပါစေ။ ၂၁မိုင် ရောက်ဖြစ်ရင်လဲ … သားငယ်တို့ ဆိုင်လေးကို ဝင်အားပေးကြပါအုန်း လို့ စ် ” ဆိုပြီး သားငယ်နဲ့ ဆုံဖြစ်ခဲ့တဲ့ အမှတ်တရလေးကို အခုလိုပဲပြောပြလာခဲ့ပါတယ်။
သားငယ်နဲ့ ပိုးမီတို့ကတော့ Myanmar Idol Season (2) သီချင်းဆိုပြိုင်ပွဲမှာ အတူတူဆုံခဲ့ကြပြီး အခုဆိုရင် တစ်ယောက်တစ်နေရာစီ အနုပညာအလုပ်တွေကို လျှောက်လှမ်းနေပြီပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သားငယ်နဲ့ ပိုးမီတို့ရဲ့ ပုံရိပ်လေးကိုကြည့်ပြီး Myanmar Idol Season (2) မောင်နှမတွေကို သတိရနေကြမယ်ထင်ပါတယ်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Poe Mi’s fb
ဇော်ဂျီဖြင့်ဖတ်ရန်
Source: Poe Mi’s fb