သရုပ်ဆောင် ခင်လေးနွယ်ကတော့ လီဆူတိုင်းရင်းသူလေးတစ်ယောက်ပီပီ စကားသံဝဲဝဲလေးနဲ့ အရမ်းချစ်စရာကောင်းတာပဲဖြစ်ပါတယ်။ ခင်လေးနွယ်က အနုပညာအလုပ်တွေမလုပ်ကိုင်ဖြစ်တော့တာ အတော်ကြာခဲ့ပြီဖြစ်ပြီး ခင်ပွန်းဖြစ်သူနဲ့အတူတူ စီးပွားရေးလုပ်ငန်းတွေကိုသာ ဦးစားပေးလုပ်ကိုင်ဖြစ်နေတာပဲဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ခင်လေးနွယ် အရင်လိုဇာတ်ကားတွေမရိုက်ဖြစ်တော့ပေမယ့် အရင်အတိုင်းချစ်ပြီး အားပေးနေကြဆဲဖြစ်ပါတယ်။
စီးပွားရေးအလုပ်တွေများစွာကို လုပ်ကိုင်နေတဲ့ ခင်လေးနွယ်ဟာ အခုဆိုရင် ပြင်ဦးလွင်မြို့မှာ လီဆူရွာဆိုတဲ့ စားသောက်ဆိုင်လေးတစ်ဆိုင်ဖွင့်လှစ်ခဲ့ပြန်ပါပြီ။ ခင်လေးနွယ်ရဲ့ သူငယ်ချင်းတွေဖြစ်တဲ့ ဒီဇိုင်နာမပုံ့၊ သရုပ်ဆောင် မိုးပြည့်ပြည့်မောင်နဲ့ သရုပ်ဆောင် ဖူးစုံတို့ဟာ ခင်လေးနွယ်ရဲ့ ဆိုင်သစ်ဖွင့်ပွဲကို ကိုယ်တိုင်သွားရောက်ပြီး Surprise တိုက်ခဲ့တာကိုလည်း တွေ့ရပါတယ်။
ခင်လေးနွယ်ကတော့ ပြင်ဦးလွင်ထိ တကူးတကလာပြီး Surprise တိုက်တဲ့ သူငယ်ချင်းတွေကြောင့် တော်တော်လေးဝမ်းသာနေခဲ့တယ်လို့ သိရပါတယ်။ ပရိသတ်ကြီးလည်း ခင်လေးနွယ်တို့ သူငယ်ချင်းသံယောဇဉ်ကိုကြည့်ပြီး အားကျနေကြမယ်ထင်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Yolo
Source: Ma Pont ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်
ပြင်ဦးလွင်မှာ ဆိုင်ဖွင့်ပွဲလုပ်တဲ့ ခင်လေးနွယ်ကို ကိုယ်တိုင်သွားပြီး Surprise လုပ်ခဲ့တဲ့ မိုးပြည့်ပြည့်မောင်နဲ့ ဖူးစုံ
Yolo
Source: Ma Pont ‘s fb