ပျောက်ဆုံးနေတာ (၄) ရက်ကြာပြီးမှ ရေကန်ထဲမှာ ရုပ်အလောင်းပြန်တွေ့ခဲ့တယ်ဆိုတဲ့ ကလေးသရုပ်ဆောင် အားကိုးရာရဲ့ညီတဝမ်းကွဲလေး
ကလေးသရုပ်ဆောင် အားကိုးရာကတော့ ဇာတ်လမ်းတွဲတွေများစွာမှာ ပါဝင်သရုပ်ဆောင်ထားတာမို့ ပရိသတ်တွေအားလုံး ရင်းနှီးပြီးသားဖြစ်မှာပါ။ “ကျွန်မကမဟေသီ” ဇာတ်လမ်းတွဲမှာ ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိခဲ့တဲ့ အားကိုးရာဟာ “ဒေါင်းယာဉ်ပျံဘုံနံဘေးမှာစာရေးလို့ထားချင်တယ်” ဇာတ်လမ်းတွဲမှာလည်း ကလေးသရုပ်ဆောင်တစ်ယောက်အဖြစ် ထင်ရှားခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိထုတ်လွှင့်ပြသနေတဲ့ “မဟူရာပုလဲ” ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ထားတာကိုတွေ့ရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ အားကိုးရာဟာ ပခုက္ကူမြို့မှာပျောက်ဆုံးသွားတဲ့ (၆) နှစ်အရွယ် ညီဝမ်းကွဲလေးနဲ့ပတ်သက်ပြီး ပရိသတ်ကို အကူအညီတောင်းခံလာခဲ့တာပရိသတ်ကြီးလည်း သိပြီးသားဖြစ်မှာပါ။ ဒါပေမယ့် ဒီကနေ့ ဖေဖော်ဝါရီလ (၂၂)ရက်နေ့မှာတော့ ပျောက်ဆုံးနေတဲ့ အားကိုးရာရဲ့ညီလေးဟာ စတင်ပျောက်သွားခဲ့တဲ့ နယူးဒေးဆီဆိုင်ရေကန်ထဲမှာပဲ ရုပ်အလောင်းကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
အားကိုးရာကတော့ သူ့ရဲ့ညီလေးနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီလ (၁၉) ရက်နေ့မှာ အကူအညီတောင်းခံခဲ့ပေမယ့် ဒီကနေ့ (၂၂) ရက်နေ့မှာတော့ မယုံနိုင်စရာသတင်းဆိုးနဲ့ ကြုံခဲ့ရတာပဲဖြစ်ပါတယ်။ မိဘတွေအတွက်ကတော့ တကယ့်ကို ရင်ကွဲစရာသတင်းဆိုးတစ်ခုပါပဲ။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Arr Koe Yar ‘s fb