သီချင်းကောင်းလေးတွေကို အမြဲတမ်းသီဆိုတတ်တဲ့ အဆိုတော်မလေး ပိုပိုကတော့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့တာကြောင့် မတရားဖမ်းဆီး အကျဉ်းချခံခဲ့ရတာပဲဖြစ်ပါတယ်။ အခြားသော အနုပညာရှင်တွေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာပေမယ့် ယနေ့ချိန်ထိ မလွတ်မြောက်သေးတဲ့ ပိုပိုဟာ လာမယ့် မေလ (၁၆) ရက်နေ့မှာတော့ မွေးနေ့ကျရောက်မှာဖြစ်ပါတယ်။ ဒါပေမယ့် ပိုပို့ရဲ့ အနုပညာကိစ္စအဝဝကို ကိုင်တွယ်ရတဲ့ Admin Team နဲ့ မန်နေဂျာဟာ ပိုပို့ရဲ့ မွေးနေ့မှာ သီချင်းသစ်လေးတစ်ပုဒ်ကို မျှဝေပေးသွားမယ့်အကြောင်းကို အခုလိုပဲ အသိပေးလာခဲ့ပါတယ်။

ပိုပိုက “မပိုပိုက မလွတ်သေးပေမယ့် မပိုပိုရဲ့ မွေးနေ့မှာ အမှတ်တရလေးဖြစ်အောင် အပြင်ကAdmin တို့တွေ အားလုံးတိုင်ပင်ပြီး ပိုပိုလုပ်ထားတာ ကြာပြီဖြစ်တဲ့ သီချင်းလေးကို ပရိတ်သတ်တွေလည်း အလွမ်းပြေအောင် သီချင်းလေးတစ်ပုဒ်ကို မပိုပိုမွေးနေ့မှာ ပရိတ်သတ်တွေအတွက် လက်ဆောင်ပေးချင်ပါတယ် ။ ၁၅ရက်နေ့မှာ Youtube မှာ အရင်တင်မှာဖြစ်ပြီး ၁၆ရက်နေ့ မွေးနေ့မှာတော့ fb မှာ တင်မှာဖြစ်ပါတယ် အရင်ဆုံးနားထောင်ချင်တဲ့ ပရိတ်သတ်တွေကတော့ မပိုပိုရဲ့ Youtube Channel လေးကို Subscribe လုပ်ထားနော်” ဆိုပြီး ပိုပိုရဲ့ ဖေ့စ်ဘုတ်ပေ့ချ်ကနေပြီး အသိပေးလာခဲ့ပါတယ်။

ပိုပိုကတော့ နိုင်ငံရေးလှုပ်ရှားမှုကြောင့် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၃) နှစ်ချမှတ်ခံထားရတာဖြစ်ပြီး သူမရဲ့ ပရိသတ်တွေကတော့ ပိုပို့ကို သတိရရင်း ပိုပိုတစ်ယောက် လွတ်မြောက်လာမယ့်အချိန်ကို စောင့်ဆိုင်းနေကြတာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Yolo
Source: ဝတ် ရည် မိုး ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်

ပိုပို မလြတ္ေျမာက္ေသးေပမယ့္ ေမြးေန႔အမွတ္တရအေနနဲ႔ သီခ်င္းသစ္ေလးတစ္ပုဒ္ကို ပရိသတ္ေတြဆီခ်ျပမယ္ဆိုတဲ့ ပိုပို႔ရဲ႕Admin

သီခ်င္းေကာင္းေလးေတြကို အၿမဲတမ္းသီဆိုတတ္တဲ့ အဆိုေတာ္မေလး ပိုပိုကေတာ့ စစ္အာဏာရွင္စနစ္ကို ဆန႔္က်င္ဆႏၵထုတ္ေဖာ္ခဲ့တာေၾကာင့္ မတရားဖမ္းဆီး အက်ဥ္းခ်ခံခဲ့ရတာပဲျဖစ္ပါတယ္။ အျခားေသာ အႏုပညာရွင္ေတြ လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ လြတ္ေျမာက္လာေပမယ့္ ယေန႔ခ်ိန္ထိ မလြတ္ေျမာက္ေသးတဲ့ ပိုပိုဟာ လာမယ့္ ေမလ (၁၆) ရက္ေန႔မွာေတာ့ ေမြးေန႔က်ေရာက္မွာျဖစ္ပါတယ္။ ဒါေပမယ့္ ပိုပို႔ရဲ႕ အႏုပညာကိစၥအဝဝကို ကိုင္တြယ္ရတဲ့ Admin Team နဲ႔ မန္ေနဂ်ာဟာ ပိုပို႔ရဲ႕ ေမြးေန႔မွာ သီခ်င္းသစ္ေလးတစ္ပုဒ္ကို မွ်ေဝေပးသြားမယ့္အေၾကာင္းကို အခုလိုပဲ အသိေပးလာခဲ့ပါတယ္။

ပိုပိုက “မပိုပိုက မလြတ္ေသးေပမယ့္ မပိုပိုရဲ႕ ေမြးေန႔မွာ အမွတ္တရေလးျဖစ္ေအာင္ အျပင္ကAdmin တို႔ေတြ အားလုံးတိုင္ပင္ၿပီး ပိုပိုလုပ္ထားတာ ၾကာၿပီျဖစ္တဲ့ သီခ်င္းေလးကို ပရိတ္သတ္ေတြလည္း အလြမ္းေျပေအာင္ သီခ်င္းေလးတစ္ပုဒ္ကို မပိုပိုေမြးေန႔မွာ ပရိတ္သတ္ေတြအတြက္ လက္ေဆာင္ေပးခ်င္ပါတယ္ ။ ၁၅ရက္ေန႔မွာ Youtube မွာ အရင္တင္မွာျဖစ္ၿပီး ၁၆ရက္ေန႔ ေမြးေန႔မွာေတာ့ fb မွာ တင္မွာျဖစ္ပါတယ္ အရင္ဆုံးနားေထာင္ခ်င္တဲ့ ပရိတ္သတ္ေတြကေတာ့ မပိုပိုရဲ႕ Youtube Channel ေလးကို Subscribe လုပ္ထားေနာ္” ဆိုၿပီး ပိုပိုရဲ႕ ေဖ့စ္ဘုတ္ေပ့ခ်္ကေနၿပီး အသိေပးလာခဲ့ပါတယ္။

ပိုပိုကေတာ့ ႏိုင္ငံေရးလႈပ္ရွားမႈေၾကာင့္ အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ (၃) ႏွစ္ခ်မွတ္ခံထားရတာျဖစ္ၿပီး သူမရဲ႕ ပရိသတ္ေတြကေတာ့ ပိုပို႔ကို သတိရရင္း ပိုပိုတစ္ေယာက္ လြတ္ေျမာက္လာမယ့္အခ်ိန္ကို ေစာင့္ဆိုင္းေနၾကတာပဲျဖစ္ပါတယ္။

ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား‌ page မ်ား ႏွင့္ websites မ်ား ‌မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။

Yolo
Source: ဝတ္ ရည္ မိုး ‘s fb

error: Alert: Content is protected !!