ပိုစတာဓာတ်ပုံတွေနဲ့တင် ဆရာဝန်အသိုင်းအဝိုင်းရဲ့ ဝေဖန်ခြင်းခံနေရတဲ့ “ဆရာဝန်စစ်စစ်ဖြစ်ချင်တယ်” ဇာတ်လမ်းတွဲ

မကြာခင် ရက်သတ္တပတ်အတွင်းမှာတော့ MRTV4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသမယ့် “ဆရာဝန်စစ်စစ်ဖြစ်ချင်တယ်” ဇာတ်လမ်းတွဲကတော့ နေလ၊ သွန်းသစ္စာဇော်၊ ဂျူးစံသာ၊ လွန်းခြယ်၊ ဇေရ၊ ငုဝါခိုင် စတဲ့ သရုပ်ဆောင်တွေများစွာ ပါဝင်သရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ်။ အဆိုပါ “ဆရာဝန်စစ်စစ်ဖြစ်ချင်တယ်” ဇာတ်လမ်းတွဲကတော့ စတင်မထုတ်လွှင့်ရသေးခင် ပိုစတာဓာတ်ပုံတွေနဲ့တင် ပရိသတ်တွေရဲ့ ဝေဖန်ခြင်းကို ခံနေရပြီပဲ ဖြစ်ပါတယ်။   

အဆိုပါ “ဆရာဝန်စစ်စစ်ဖြစ်ချင်တယ်” ဇာတ်လမ်းတွဲ ပိုစတာဓာတ်ပုံတွေထဲမှာ သရုပ်ဆောင်တွေဟာ ဆေးရုံသုံးကိရိယာကိုင်ပုံကိုင်နည်းတွေဟာ မှားယွင်းနေတဲ့အပြင် သရုပ်ဆောင်တစ်ယောက်ဟာ ခွဲစိတ်ခန်းသုံးစားပွဲပေါ်မှာ တက်ထိုင်နေပုံနဲ့ အခြားတစ်ယောက်ဟာ ဆေးရုံသုံး Mask ကို လက်အိတ်ဝတ်ပြီးမှ ကိုင်နေတဲ့ပုံစံတွေကြောင့် ဝေဖန်မှုတွေ မြင့်တက်နေတာပဲ ဖြစ်ပါတယ်။

“ဆရာဝန်စစ်စစ်ဖြစ်ချင်တယ်” ဇာတ်လမ်းတွဲကတော့ ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသမှုမရှိသေးခင်မှာပဲ ပိုစတာဓာတ်ပုံတစ်ခုကြောင့် ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရတာပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဆိုပါ ဇာတ်လမ်းတွဲကတော့ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး ဒေါက်တာစိုးလွင်ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းများ ဝတ္ထုကို အခြေခံရိုက်ကူးထားတာမို့ ဖန်သားပြင်ပေါ်ရောက်ရှိလာရင် ဘယ်လိုဖြစ်မလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Thun Thit Sar Zaw’s fb

error: Alert: Content is protected !!