ပိုင်ရှင်မရှိတော့တဲ့ ရေမွန့်ရဲ့ကားလေးကိုပဲ အမျိုးမျိုးဖျက်ဆီးနေကြသူတွေအကြောင်းကို ပြောပြလာတဲ့ လပြည့်ကဗျာ
အဆိုတော် ရေမွန်ကတော့ ဖေဖော်ဝါရီလ (၁) ရက်နေ့ကတည်းက ပြည်သူတင်ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရ မတရားအာဏာလုယူခံရပြီးကတည်းက စစ်ကောင်စီကို ဆန့်ကျင်လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။စကစကိုတော်လှန်ဖို့ လွတ်မြောက်နယ်မြေမှာ ခိုလှုံခဲ့တဲ့ ရေမွန်ဟာ စိတ်မကောင်းစွာနဲ့ပဲ သူ့ရဲ့ကျန်းမာရေးကြောင့် အဝေးတစ်နေရာမှာပဲ ကွယ်လွန်သွားခဲ့ပြီး အခုဆိုရင် ရေမွန်ကွယ်လွန်သွားခဲ့တာ တစ်နှစ်နီးပါးကြာမြင့်ခဲ့ပြီပဲဖြစ်ပါတယ်။
ရေမွန်မရှိတော့လို့ မစီးဖြစ်တော့တဲ့ ရေမွန့်ရဲ့ကားလေးဟာလည်း ဒီအတိုင်းရပ်ထားရပြီး နစ်နာလိုသူတွေကတော့ ရေမွန့်ရဲ့ကားကို မကြာခဏဆိုသလို ဖျက်ဆီးလေ့ရှိပါတယ်။ ဒီကနေ့မှာလည်း ရေမွန့်ရဲ့ညီမလပြည့်ကဗျာက ရေမွန့်ရဲ့ကားကို ခြစ်ရာတွေလုပ်သွားတဲ့အကြောင်းကို “သူ့ကားကိုပဲ တကူးတက ကြယ်ပုံထပ်ခြစ်သွားတာနော် တူသောအကျိုးပေးပါစေ” ဆိုပြီး သူမရဲ့ဖေ့စ်ဘုတ် Story ကနေတဆင့် ပြသလာပါတယ်။
ရေမွန့်ရဲ့ကားလေးက ဒီအတိုင်းရပ်ထားတာတောင် ယုတ်မာသူတွေကြောင့် မကြာခဏဆိုသလို အစင်းရာတွေ ခြစ်ခံနေရတာပဲဖြစ်ပါတယ်။ ရေမွန်သာသိခဲ့ရင်လည်း သူအရမ်းမြတ်နိုးတဲ့ကားလေးအတွက် စိတ်မကောင်းဖြစ်နေမယ်ဆိုတာ သေချာပါတယ်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: LaPyae Kabyar ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်