ပိုင်တံခွန်လွတ်မြောက်လာခဲ့ပေမယ့် “Free This Man” ဆိုတဲ့ Cover Photo ကို မပြောင်းလဲသေးတဲ့အကြောင်းအရင်းကို ပြောပြလာတဲ့ ရဲနောင်
သရုပ်ဆောင်ပိုင်တံခွန်ကတော့ ပြီးခဲ့တဲ့နှစ်တစ်နှစ်လုံးနီးပါးမှာ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးထောင်ချခံခဲ့ရပြီး မကြာသေးခင် လပိုင်းကပဲ ပြန်လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပြီပဲဖြစ်ပါတယ်။ ပိုင်တံခွန်ဖမ်းဆီးခံရစဉ်မှာလည်း စိတ်မကောင်းဖြစ်ရသလို ပိုင်တံခွန်ပြန်လည်လွတ်မြောက်လာချိန်မှာလည်း ပျော်ရွှင်ကြတဲ့လူတွေထဲမှာ Myanmar Idol အဆိုတော် ရဲနောင်လည်း အပါအဝင်ပဲဖြစ်ပါတယ်။
ရဲနောင်က ပိုင်တံခွန်ကို ပြန်လည်လွတ်မြောက်စေဖို့ Free This Man ဆိုတဲ့ Cover Photo ကို သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ တင်ခဲ့ရာ ယနေ့အချိန်ထိ မပြောင်းလဲသေးတဲ့အတွက် ပရိသတ်တစ်ယောက်က ရဲနောင်ကို Cover Photo ပြောင်းဖို့ပြောခဲ့ရာ ရဲနောင်က သူ့ရဲ့အကြောင်းပြချက်ကို ပြောပြလာပါတယ်။ ရဲနောင်က ပိုင်တံခွန်လွတ်မြောက်လာခဲ့ပေမယ့် “Free This Man” ဆိုတဲ့ Cover Photo ကို မပြောင်းလဲသေးတာဟာ “သူမလွတ်လပ်သေးပါဘူး” ဆိုပြီးပြောလာတာပဲဖြစ်ပါတယ်။
ရဲနောင်ကတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လည် လွတ်မြောက်လာခဲ့ပေမယ့် လွတ်လပ်မှုမရှိသေးတဲ့ ပိုင်တံခွန်ရဲ့စိတ်ကို စာနာနားလည်စွာပြောလာတာပဲဖြစ်ပါတယ်။ ရဲနောင်နဲ့ ပိုင်တံခွန်ဟာ အနုပညာနယ်ပယ်အရ နီးစပ်မှုမရှိပေမယ့် ပိုင်တံခွန်အပေါ်ထားရှိတဲ့ ရဲနောင်ရဲ့စိတ်ထားလေးကတော့ လေးစားဖွယ်ရာပါပဲ။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Ye Naung’s fb
ဇော်ဂျီဖြင့်ဖတ်ရန်
ပိုင္တံခြန္လြတ္ေျမာက္လာခဲ့ေပမယ့္ “Free This Man” ဆိုတဲ့ Cover Photo ကို မေျပာင္းလဲေသးတဲ့အေၾကာင္းအရင္းကို ေျပာျပလာတဲ့ ရဲေနာင္
သ႐ုပ္ေဆာင္ပိုင္တံခြန္ကေတာ့ ၿပီးခဲ့တဲ့ႏွစ္တစ္ႏွစ္လုံးနီးပါးမွာ ႏိုင္ငံေရးလႈပ္ရွားမႈေတြေၾကာင့္ ဖမ္းဆီးေထာင္ခ်ခံခဲ့ရၿပီး မၾကာေသးခင္ လပိုင္းကပဲ ျပန္လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ ျပန္လည္လြတ္ေျမာက္လာခဲ့ၿပီပဲျဖစ္ပါတယ္။ ပိုင္တံခြန္ဖမ္းဆီးခံရစဥ္မွာလည္း စိတ္မေကာင္းျဖစ္ရသလို ပိုင္တံခြန္ျပန္လည္လြတ္ေျမာက္လာခ်ိန္မွာလည္း ေပ်ာ္႐ႊင္ၾကတဲ့လူေတြထဲမွာ Myanmar Idol အဆိုေတာ္ ရဲေနာင္လည္း အပါအဝင္ပဲျဖစ္ပါတယ္။
ရဲေနာင္က ပိုင္တံခြန္ကို ျပန္လည္လြတ္ေျမာက္ေစဖို႔ Free This Man ဆိုတဲ့ Cover Photo ကို သူ႔ရဲ႕ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ တင္ခဲ့ရာ ယေန႔အခ်ိန္ထိ မေျပာင္းလဲေသးတဲ့အတြက္ ပရိသတ္တစ္ေယာက္က ရဲေနာင္ကို Cover Photo ေျပာင္းဖို႔ေျပာခဲ့ရာ ရဲေနာင္က သူ႔ရဲ႕အေၾကာင္းျပခ်က္ကို ေျပာျပလာပါတယ္။ ရဲေနာင္က ပိုင္တံခြန္လြတ္ေျမာက္လာခဲ့ေပမယ့္ “Free This Man” ဆိုတဲ့ Cover Photo ကို မေျပာင္းလဲေသးတာဟာ “သူမလြတ္လပ္ေသးပါဘူး” ဆိုၿပီးေျပာလာတာပဲျဖစ္ပါတယ္။
ရဲေနာင္ကေတာ့ လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ျပန္လည္ လြတ္ေျမာက္လာခဲ့ေပမယ့္ လြတ္လပ္မႈမရွိေသးတဲ့ ပိုင္တံခြန္ရဲ႕စိတ္ကို စာနာနားလည္စြာေျပာလာတာပဲျဖစ္ပါတယ္။ ရဲေနာင္နဲ႔ ပိုင္တံခြန္ဟာ အႏုပညာနယ္ပယ္အရ နီးစပ္မႈမရွိေပမယ့္ ပိုင္တံခြန္အေပၚထားရွိတဲ့ ရဲေနာင္ရဲ႕စိတ္ထားေလးကေတာ့ ေလးစားဖြယ္ရာပါပဲ။
ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား page မ်ား ႏွင့္ websites မ်ား မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။
Source: Ye Naung’s fb