ပိုက်ဆံအထပ်လိုက်ကြီးကိုင်ပြီး ရှုတင်တစ်ဖွဲ့သားလုံးကို မုန့်ဖိုးတွေပေးခဲ့တဲ့ မြတ်သူသူရဲ့ ဗီဒီယို

သရုပ်ဆောင် မြတ်သူသူကတော့ သူမရဲ့ အနုပညာသက်တမ်းတစ်လျှောက် ဗီဒီယိုဇာတ်ကားတွေနဲ့ ဇာတ်လမ်းတွဲတွေများစွာမှာ ပါဝင်သရုပ်ဆောင်ရင်း ကျင်လည်ဖြတ်သန်းခဲ့သူဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို မြတ်နိုးသလို လုပ်ဖော်ကိုင်ဖက်တွေအပေါ်မှာလည်း ချစ်ခင်တဲ့ မြတ်သူသူဟာ အနုပညာအသိုင်းအဝိုင်းမှာတော့ ကောင်းသတင်းနဲ့ ကျော်ကြားသူတစ်ယောက်ဆိုလည်း မမှားပါဘူး။

လတ်တလောမှာလည်း မြတ်သူသူက တောင်ပေါ်မြို့လေးတစ်မြို့မှာ ဇာတ်လမ်းတွဲသွားရောက်ရိုက်ကူးနေတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မြတ်သူသူက ဇာတ်လမ်းတွဲရိုက်ကူးနေတုန်း ရှုတင်က လုပ်ဖော်ကိုင်ဖက် အဖွဲ့သားတွေအားလုံးကို မုန့်ဖိုးပေးခဲ့တာကို တွေ့ရပါတယ်။ ပရိသတ်ကြီးလည်း မြတ်သူသူတို့ ရိုက်ကွင်းပေါ်က ကြည်နူးစရာ အခိုက်အတံ့လေးကို ဗီဒီယိုလေးနဲ့တကွ ပြသလိုက်ပါတယ်နော်။

မြတ်သူသူကတော့ သူမတတ်နိုင်တဲ့အင်အားနဲ့ လူတွေကို ပျော်ရွှင်မှုဖန်တီးပေးတတ်သူလေးတစ်ယောက်ပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မြတ်သူသူရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ်လို့ ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Myat Thu Thu’s fb
ဇော်ဂျီဖြင့်ဖတ်ရန်






Source: Myat Thu Thu’s fb

error: Alert: Content is protected !!