ပိုက်ဆံမရှာနိုင်တော့လို့ သားတွေအတွက် မွေးနေ့အကောင်းစားတွေမလုပ်ပေးနိုင်တာကို ဝမ်းနည်းတယ်ဆိုတဲ့ ကိုပေါက်

နိုင်ငံကျော်သရုပ်ဆောင်တစ်ယောက်လည်းဖြစ်သလို ဒါရိုက်တာတစ်ယောက်လည်းဖြစ်တဲ့ ကိုပေါက်ကတော့ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေမှာ သူ့ရဲ့စိတ်နဲ့ခန္ဓာကို အရေးတော်ပုံအတွက် နှစ်မြှုပ်ထားသူတစ်ယောက်ဖြစ်ပါတယ်။ နာမည်ကြီးအနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် ချစ်တဲ့အနုပညာအလုပ်တွေကိုစွန့်လွှတ်ပြီး လွတ်မြောက်နယ်မြေမှာ နေထိုင်နေတဲ့ ကိုပေါက်ဟာ ဒီကနေ့ သြဂုတ်လ (၁၂) ရက်နေ့မှာကျရောက်တဲ့ သားငယ်လေးအတွက် စိတ်မကောင်းခြင်းများစွာနဲ့ မွေးနေ့ဆုတောင်းပေးခဲ့တာကို တွေ့ရပါတယ်။

ကိုပေါက်က “မွေးနေ့မှာပျော်ရွှင်ကျန်းမာပါစေ သားသားရေ။ ဖေဖေတို့အရင်လို ဘဝတွေပြန်ရဖို့ကြိုးစားရအုံးမယ်သားသားရေ။ အဆင်မပြေတာတွေ ခက်ခဲတာတွေရင်ဆိုင်ရရင် ဖေဖေ့အပြစ်လို့ပဲ ပုံချလိုက်ပါသား။ အဆင်ပြေတာတွေ ချောမွေ့တာတွေ ကြုံရရင် မေမေ့ကြောင့်ပါသား။ ဒီအချိန်မှာ ဖေဖေ့ရဲ့တာဝန်ပျက်ကွက်မှုတွေ အလုပ်တွေမလုပ်ရလို့ ပိုက်ဆံမရှာနိုင်တော့ အရင်ကလို မွေးနေ့အကောင်းစားတွေ မလုပ်ပေးနိုင်တာ ဖေဖေစိတ်မကောင်းဘူးသား။ ဒီအချိန်ဟာ သားအတွက် ခက်ခဲမယ်ဆိုတာ ဖေဖေသိပါတယ်။ ဒါပေမယ့် ဒီခရီးကိုဖေဖေ ဆက်လျှောက်ရအုံးမယ်။ သားတို့အတွက် အခက်အခဲတွေ ထပ်ကြုံရအုံးမယ်နော်။ သူများတွေလိုကျောင်းအကောင်းစားတွေ မထားနိုင်ပေမယ် ဖေဖေ့သားတွေကို အသက်နှင့်ရင်းပြီးချစ်တယ်။ မေမေ့စကားနားထောင်ပါ။ ချစ်တယ်သားငယ်လေး❤️❤️❤️❤️သားသားဖြစ်ချင်တဲ့ စူပါဟီးရိုးတွေဖြစ်ပါစေ။”ဆိုပြီး မွေးနေ့ဆုတောင်းပေးခဲ့တာပဲဖြစ်ပါတယ်။

ကိုပေါက်ကတော့ အရင်ကဝင်ငွေကောင်းတဲ့ သရုပ်ဆောင်၊ ဒါရိုက်တာတစ်ယောက်ဖြစ်ခဲ့ပေမယ့် တိုင်းပြည်အတွက်ကြိုးစားနေရချိန်မှာတော့ ပိုက်ဆံမရှာနိုင်တော့တာကြောင့် မိသားစုအတွက် ဖြည့်ဆည်းမပေးနိုင်မှုအပေါ် စိတ်မကောင်းဖြစ်နေတာပဲဖြစ်ပါတယ်။ ကိုပေါက်တစ်ယောက် ဖြစ်ချင်တဲ့ဆန္ဒတွေပြည့်စုံပြီး မိသားစုနဲ့ အမြန်ဆုံးဆံဆည်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Aung Min Naing’s fb

error: Alert: Content is protected !!