Source: SEIN PHYO & YI’s fb
ပိုက်ဆံနဲ့ပတ်သက်လာရင် အမြဲတမ်းဗျာများတတ်တဲ့ ချစ်သူရီရီပွင့်ဖြူကို ဗီဒီယိုလေးရိုက်ပြီးဆေးထိုးခဲ့တဲ့ မောင်
သရုပ်ဆောင် မောင်နဲ့ သရုပ်ဆောင် ရီရီပွင့်ဖြူတို့ကတော့ အနုပညာအလုပ်တွေကို မလုပ်ကိုင်တော့ပေမယ့် သူတို့နှစ်ယောက်ရဲ့ ကြည်နူးစရာကောင်းတဲ့ အချစ်ဇာတ်လမ်းလေးကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးခြင်းကို ခံနေရတာပဲ ဖြစ်ပါတယ်။ မောင်နဲ့ ရီရီပွင့်ဖြူတို့ကတော့ (၈) နှစ်တိုင်တိုင် အချစ်လမ်းခရီးကိုလျှောက်လှမ်းခဲ့ကြပြီး လက်ရှိအချိန်ထိလည်း တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီရင်း သာယာတဲ့ ချစ်သူဘဝကို တည်ဆောက်ထားကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း စိတ်တူကိုယ်တူရှိပြီး ချစ်စရာကောင်းလွန်းတဲ့ မောင်နဲ့ ရီရီပွင့်ဖြူတို့နှစ်ယောက်စလုံးရဲ့ လှုပ်ရှားမှုတိုင်းကို ချစ်ခင်စွာနဲ့ အားပေးနေကြတာပဲ ဖြစ်ပါတယ်။
တစ်ယောက်နဲ့တစ်ယောက် အမြဲဆေးထိုးစနောက်ပြီး ဟာသဗီဒီယိုလေးတွေတင်လေ့ရှိတဲ့ မောင်နဲ့ ရီရီပွင့်ဖြူတို့ဟာ ဒီကနေ့မှာလည်း ပရိသတ်တွေကို ပြုံးပျော်ရွှင်စေခဲ့ပါတယ်။ မောင်က ပိုက်ဆံတွေကို ဟိုရွှေ့ဒီရွှေ့လုပ်ရင်း ဒုက္ခများနေတဲ့ ချစ်သူရီရီပွင့်ဖြူကို ငွေရှင်ကြေးရှင်ကြီးဆိုပြီး ဗီဒီယိုလေးရိုက်ကာ စနောက်ခဲ့တာကို သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလိုပဲ မျှဝေပေးထားတာပဲဖြစ်ပါတယ်။
မောင်နဲ့ ရီရီပွင့်ဖြူတို့ကတော့ တစ်ယောက်ကိုတစ်ယောက် ကြုံရင်ကြုံသလို ဗီဒီယိုလေးတွေရိုက်ပြီး ဆေးထိုးတတ်တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးထဲမှာလည်း ရီရီပွင့်ဖြူလို အကျင့်မျိုးလေးရှိမယ့်သူတွေရှိမယ်ဆိုတာ သေချာပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: SEIN PHYO & YI’s fb