ပိုက်ဆံချေးတဲ့သူတွေနဲ့ အလှူခံကြတဲ့သူတွေကို ရှေ့လျှောက်အားနာတော့မှာမဟုတ်ကြောင်း ပြတ်သားစွာပြောလာတဲ့ သံစဉ်မောင်

သွားတက်လေးတွေနဲ့ ပြုံးလိုက်ရင် အရမ်းချစ်စရာကောင်းတဲ့ မင်းသမီးချောလေး သံစဉ်မောင်ကတော့ သရုပ်ဆောင် ဘေဘီမောင်ရဲ့ ညီမအရင်းလေးပဲဖြစ်ပါတယ်။ သံစဉ်မောင်ကတော့ ဗီဒီယိုဇာတ်ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဒီနေ့ဒီအချိန်ထိလည်း အနုပညာအလုပ်တွေလုပ်ကိုင်ရင်း ပရိသတ်အားပေးမှုကို ရရှိထားတာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ သံစဉ်မောင်က သူမကို ပိုက်ဆံချေးကြသူတွေနဲ့ လိမ်လည်လှည့်ဖျားပြီး အလှူခံသူတွေကို အားနာတော့မှာမဟုတ်ကြောင်း အခုလိုပဲပြောလာပါတယ်။

သံစဉ်မောင်က “အားနေပိုက်ဆံချေးချင်တဲ့သူနဲ့ အကြောင်းမျိုးစုံပြပြီး အလှူခံနေတဲ့သူတွေရေ အခြေအနေအချိန်အခါကိုကြည့်ပါ။ ဘာအလုပ်တွေကောင်းနေတာမြင်လို့ အားမနာလျှာမကျိုး ကျွန်မဆီပဲလာနေရတာလဲ။ တစ်ခါတည်းပြောလိုက်မယ် ဒီနေ့ကစပြီး ဘယ်သူ့ကိုမှပိုက်ဆံချေး မကူညီတော့ဘူး။ ကျွန်မပိုက်ဆံချေးလိုက်တဲ့သူတိုင်းကို အတိုးမယူ ဒီအတိုင်းကူညီပေးတာ ရှင်တို့အသိဆုံးနော် ပြီးရင်ရှင်တို့က ပိုက်ဆံပြန်ပေးဖို့ကို ကတိမတိ မသိချင်ယောင်ဆောင် အလိုက်မသိ အားမနာတက်ပေ့မယ် ကျွန်မကခနခနတောင်းရမှာ အားနာတက်လွန်းတော့ တော်တော်ကိုအဆင်မပြေပါဘူးနော်။ အလှူခံတွေလည်းအလိမ်အညာတွေများပြီး ခံရပေါင်းများလွန်းလို့ ဘယ်သူ့ကိုမှမယုံတော့ဘူး။ ပိုက်ဆံအဆင်ပြေရင်လည်း ကိုယ်တကယ် လှူသင့်တဲ့သူကို ကိုယ်တိုင်ရှာလှူမယ်။ လာပြီးအလှူလာမခံကြပါနဲ့တော့ ကျေးဇူးတင်ပါတယ်” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။

သံစဉ်မောင်ကတော့ အတိုးမယူပဲပိုက်ဆံချေးတာတောင် ပြန်ဆပ်ရကောင်းမှန်းမသိတဲ့သူတွေနဲ့ အလှူခံတွေဟာလည်း အလိမ်အညာတွေနဲ့ချည်းပဲတိုးနေရတာကြောင့် ရှေ့လျှောက်ဘယ်သူ့ကိုမှ ပိုက်ဆံမချေး ငွေမလှူတော့ဘူးလို့ ပြောလာတာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Than Sin Maung’s fb

error: Alert: Content is protected !!