ပရိသတ်တွေအားကျရအောင် အားကစားလုပ်ချိန်မှာတောင် မခွဲမခွာနဲ့ တပူးပူးချစ်နေကြတဲ့ သင်ဇာဝင့်ကျော်တို့စုံတွဲ

 

ပရိသတ်တွေ နှစ်ပေါင်းအတော်ကြာ ချစ်ခင်အားပေးခဲ့ရတဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ အသက်အရွယ်ကြီးလာပေမယ့် တစ်နေ့တစ်ခြား အောင်မြင်မှုတွေ များစွာ ရရှိပိုင်ဆိုင်ထားသူလေး တစ်ဦးပါ။ သင်ဇာဝင့်ကျော်ကတော့ အသက်သုံးဆယ်ကျော်အရွယ်ကိုရောက်ရှိနေပေမယ့် သူမရဲ့ပရိသတ်တွေအတွက် အမြဲတမ်းအသစ်အဆန်းတွေကိုသာချပြလေ့ရှိသူတစ်ယောက်ပါ။ အဲ့ဒါကြောင့်လည်း သင်ဇာဝင့်ကျော်က အားပေးသူ ပရိသတ်အများအပြားနဲ့ အနုပညာလောကမှာ ထိပ်ဆုံးက ရပ်တည်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာလည်း ချစ်သူရရှိနေပြီး ချစ်သူနဲ့အတူ ကြည်နူးစရာအခိုက်အတံ့တွေမျှဝေပေးလေ့ရှိတဲ့ သင်ဇာဝင့်ကျော်ရဲ့အကြောင်းဟာ ပရိသတ်တွေကြား ရေပန်းစားနေလျက်ရှိတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာလည်း သင်ဇာဝင့်ကျော်ရဲ့ချစ်သူက သူတို့နှစ်ယောက်ရဲ့ တပူးပူး တတွဲတွဲဓာတ်ပုံလေးတွေကို မျှဝေပြီး “Gym time with love 🖤🤍” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေလာတာပဲဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်တို့ ချစ်သူနှစ်ယောက်ကတော့ ချစ်စခင်စ ချစ်သူတွေပီပီ တစ်ယောက်နဲ့တစ်ယောက် မခွဲနိုင်မခွာနိုင် တပူးပူးဖြစ်နေကြတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သင်ဇာဝင့်ကျော်တို့အတွဲလေးကိုကြည့်ပြီး အားကျနေလောက်ပြီထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Ye Yint Moe ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်






Source: Ye Yint Moe ‘s fb

error: Alert: Content is protected !!