ပရိသတ်တွေအားကျရအောင် တစ်ယောက်နဲ့တစ်ယောက် ပူးပူးကပ်ကပ်နေပြီး အစွမ်းကုန် Ro ပြနေတဲ့ သင်ဇာဝင့်ကျော်တို့ချစ်သူနှစ်ဦး
ပရိသတ်တွေ နှစ်ပေါင်းအတော်ကြာ ချစ်ခင်အားပေးခဲ့ရတဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ အသက်အရွယ်ကြီးလာပေမယ့် တစ်နေ့တစ်ခြား အောင်မြင်မှုတွေ များစွာ ရရှိပိုင်ဆိုင်ထားသူလေး တစ်ဦးပါ။ သင်ဇာဝင့်ကျော်ကတော့ အသက်သုံးဆယ်ကျော်အရွယ်ကိုရောက်ရှိနေပေမယ့် သူမရဲ့ပရိသတ်တွေအတွက် အမြဲတမ်းအသစ်အဆန်းတွေကိုသာချပြလေ့ရှိသူတစ်ယောက်ပါ။ အဲ့ဒါကြောင့်လည်း သင်ဇာဝင့်ကျော်က အားပေးသူ ပရိသတ်အများအပြားနဲ့ အနုပညာလောကမှာ ထိပ်ဆုံးက ရပ်တည်နေတာ ဖြစ်ပါတယ်။
လက်ရှိမှာလည်း ချစ်သူရရှိနေပြီဖြစ်တဲ့ သင်ဇာဝင့်ကျော်ဟာ ဒီကနေ့မှာလည်း သူမရဲ့ချစ်သူနဲ့ အတူတူရှိနေတဲ့ပုံရိပ်လေးတစ်ခုကို ပရိသတ်တွေဆီချပြလာခဲ့ပြန်ပါတယ်။ သင်ဇာဝင့်ကျော်တို့ချစ်သူနှစ်ယောက်ကတော့ ပရိသတ်တွေအားကျရအောင် တစ်ယောက်နဲ့တစ်ယောက် ပူးပူးကပ်ကပ်ရှိနေတာကို အခုလိုမျိုးပဲ တွေ့ရပါတယ်။
သင်ဇာဝင့်ကျော်တို့ ချစ်သူနှစ်ယောက်ကတော့ ချစ်သူသက်တမ်း (၂) နှစ်ကျော်ကြာလာခဲ့ပြီဆိုပေမယ့် ပရိသတ်တွေကို တရားဝင်အသိပေးထားတာတော့ သိပ်မကြာသေးပါဘူး။ ပရိသတ်ကြီးလည်း သင်ဇာဝင့်ကျော်တို့ ချစ်သူနှစ်ယောက်ရဲ့ ပုံရိပ်လေးကိုကြည့်ပြီး အားကျနေကြလောက်ပြီထင်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Thin Zar Wint Kyaw.’s fb
ဇော်ဂျီဖြင့်ဖတ်ရန်