ပရိသတ်တွေအပေါ် အချိန်အကြာကြီးပျက်ကွက်ခဲ့တဲ့အရာတစ်ခုကို တောင်းပန်လာခဲ့တဲ့ ကျော်ဆု

ဇာတ်လမ်းတွဲသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ကျော်ဆုကတော့ မတူညီတဲ့ ဇာတ်ကောင်ကာရိုက်တာတွေနဲ့ ပရိသတ်တွေကို ဖမ်းစားထားနိုင်သူတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိထုတ်လွှင့်ပြသနေတဲ့ “သရဖူ” ဇာတ်လမ်းတွဲမှာလည်း ကိုစိုးအောင်ဆိုတဲ့ ကာရိုက်တာကနေ အကောင်းဆုံးသရုပ်ဆောင်ထားခဲ့တဲ့ ကျော်ဆုဟာ ပရိသတ်တွေရဲ့ ကြိုက်နှစ်သက်ချီးကျူးမှုကိုလည်း တစ်ခဲနက်ရရှိနေလျက်ရှိပါတယ်။

ပြီးခဲ့တဲ့နှစ်ကတည်းက လက်ရှိဇာတ်လမ်းတွဲထုတ်လွှင့်ပြသပြီး အချိန်အတော်ကြာသည့်တိုင်အောင် လူမှုကွန်ယက်စာမျက်နှာပေါ်ကနေ အချိန်အကြာကြီး ပျောက်ကွယ်နေခဲ့တဲ့ ကျော်ဆုဟာ ဒီကနေ့မှာတော့ သူ့ရဲ့ ပျက်ကွက်မှုတစ်ခုကို ပရိသတ်တွေကို တောင်းပန်လာပါတယ်။ ကျော်ဆုက သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာကို တစ်နှစ်ကျော်ကြာ ပစ်ထားခဲ့ပြီး “ပုံတင်လို့စိတ်မဆိုးနဲ့နော်” ဆိုပြီး ပရိသတ်တွေကို တောင်းပန်လာခဲ့တာပဲဖြစ်ပါတယ်။

ကျော်ဆုရဲ့ ပရိသတ်တွေသာမက လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတွေကပါ ကျော်ဆုတစ်ယောက် ဖေ့စ်ဘုတ်စာမျက်နှာကနေ အချိန်အကြာကြီး ပျောက်ကွယ်သွားပြီးမှ ပြန်ပေါ်လာခဲ့လို့ အံ့သြနေကြတာပဲဖြစ်ပါတယ်။ ဒါပေမယ့် ကျော်ဆုကတော့ အရင်ကတည်းက လူမှုကွန်ယက်စာမျက်နှာတွေကို အသုံးမပြုတတ်သူတစ်ယောက်ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Kyaw Su’s fb
ဇော်ဂျီဖြင့်ဖတ်ရန်

ပရိသတ္ေတြအေပၚ အခ်ိန္အၾကာႀကီးပ်က္ကြက္ခဲ့တဲ့အရာတစ္ခုကို ေတာင္းပန္လာခဲ့တဲ့ ေက်ာ္ဆု

ဇာတ္လမ္းတြဲသ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ ေက်ာ္ဆုကေတာ့ မတူညီတဲ့ ဇာတ္ေကာင္ကာ႐ိုက္တာေတြနဲ႔ ပရိသတ္ေတြကို ဖမ္းစားထားႏိုင္သူတစ္ေယာက္ျဖစ္ပါတယ္။ လက္ရွိထုတ္လႊင့္ျပသေနတဲ့ “သရဖူ” ဇာတ္လမ္းတြဲမွာလည္း ကိုစိုးေအာင္ဆိုတဲ့ ကာ႐ိုက္တာကေန အေကာင္းဆုံးသ႐ုပ္ေဆာင္ထားခဲ့တဲ့ ေက်ာ္ဆုဟာ ပရိသတ္ေတြရဲ႕ ႀကိဳက္ႏွစ္သက္ခ်ီးက်ဴးမႈကိုလည္း တစ္ခဲနက္ရရွိေနလ်က္ရွိပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ကတည္းက လက္ရွိဇာတ္လမ္းတြဲထုတ္လႊင့္ျပသၿပီး အခ်ိန္အေတာ္ၾကာသည့္တိုင္ေအာင္ လူမႈကြန္ယက္စာမ်က္ႏွာေပၚကေန အခ်ိန္အၾကာႀကီး ေပ်ာက္ကြယ္ေနခဲ့တဲ့ ေက်ာ္ဆုဟာ ဒီကေန႔မွာေတာ့ သူ႔ရဲ႕ ပ်က္ကြက္မႈတစ္ခုကို ပရိသတ္ေတြကို ေတာင္းပန္လာပါတယ္။ ေက်ာ္ဆုက သူ႔ရဲ႕ေဖ့စ္ဘုတ္စာမ်က္ႏွာကို တစ္ႏွစ္ေက်ာ္ၾကာ ပစ္ထားခဲ့ၿပီး “ပုံတင္လို႔စိတ္မဆိုးနဲ႔ေနာ္” ဆိုၿပီး ပရိသတ္ေတြကို ေတာင္းပန္လာခဲ့တာပဲျဖစ္ပါတယ္။

ေက်ာ္ဆုရဲ႕ ပရိသတ္ေတြသာမက လုပ္ေဖာ္ကိုင္ဖက္သူငယ္ခ်င္းေတြကပါ ေက်ာ္ဆုတစ္ေယာက္ ေဖ့စ္ဘုတ္စာမ်က္ႏွာကေန အခ်ိန္အၾကာႀကီး ေပ်ာက္ကြယ္သြားၿပီးမွ ျပန္ေပၚလာခဲ့လို႔ အံ့ၾသေနၾကတာပဲျဖစ္ပါတယ္။ ဒါေပမယ့္ ေက်ာ္ဆုကေတာ့ အရင္ကတည္းက လူမႈကြန္ယက္စာမ်က္ႏွာေတြကို အသုံးမျပဳတတ္သူတစ္ေယာက္ျဖစ္ပါတယ္။

ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား‌ page မ်ား ႏွင့္ websites မ်ား ‌မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။

Source: Kyaw Su’s fb

error: Alert: Content is protected !!