ပရိသတ်တွေရှေ့မှာပဲ တစ်ယောက်ကိုတစ်ယောက် ပိုချစ်တဲ့အကြောင်းတွေပြောခဲ့ကြတဲ့ သင်ဇာဝင့်ကျော်တို့စုံတွဲ

အနုပညာလောကမှာ နှစ်ပေါင်းအတော်ကြာ အောင်မြင်စွာနဲ့ ရပ်တည်နေနိုင်တဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ အသက်သုံးဆယ်ကျော်အရွယ်ကိုရောက်ရှိနေပြီဆိုပေမယ့် အောင်မြင်မှုတွေကတော့ တစ်နေ့ထက်တစ်နေ့ တိုးပွားရရှိနေဆဲဖြစ်ပါတယ်။ ပရိသတ်တွေကို နည်းအမျိုးမျိုးနဲ့ စိတ်ဝင်စားနိုင်အောင် ညှို့ယူဖမ်းစားထားနိုင်တဲ့ သင်ဇာဝင့်ကျော်ဟာ လက်ရှိမှာလည်း သူမရဲ့အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေကြား ရေပန်းစားနေတာပဲဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်တို့ ချစ်သူနှစ်ယောက်ကတော့ ဆယ်နှစ်ကျော်ကွာပေမယ့် တစ်ယောက်နဲ့တစ်ယောက်ချစ်ပြဖို့ ဂရုစိုက်ဖို့ ဝန်မလေးတတ်သူတွေဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း သင်ဇာဝင့်ကျော်ရဲ့ချစ်သူ ရဲရင့်မိုးက သင်ဇာဝင့်ကျော်ရဲ့ဓာတ်ပုံအောက်မှာ “ကို့ရဲ့ခရမ်းရောင် အသဲနှလုံးလေး love you 😘💜” ဆိုပြီး ကောမန့်ပေးခဲ့သလို သင်ဇာဝင့်ကျော်ကလည်း “ပိုချစ်တယ်ပူကြုကူးလေးရေ 🤭💜” ဆိုပြီး ပရိသတ်တွေရှေ့မှာပဲ ချစ်တဲ့အကြောင်းတွေ ပြသခဲ့ကြတာကို တွေ့ရပါတယ်။

သင်ဇာဝင့်ကျော်တို့ ချစ်သူနှစ်ယောက်ကတော့ သမီးရည်းစားတွေပီပီ တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်ချစ်တဲ့အကြောင်းတွေပြောထားတာ အရမ်းချစ်စရာကောင်းတာပဲနော်။ ပရိသတ်ကြီးလည်း သင်ဇာတို့ချစ်သူနှစ်ယောက်ကိုကြည့်ပြီး အားကျနေကြပြီထင်ပါတယ်နော်။

 

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Thin Zar Wint Kyaw’s fb
ဇော်ဂျီဖြင့်ဖတ်ရန်







error: Alert: Content is protected !!