ပရိသတ်တွေရဲ့ကျီစယ်မှုကြောင့် ငယ်ငယ်ကဓာတ်ပုံတွေပျံ့နှံ့လာခဲ့တဲ့အပေါ် ချစ်စရာကောင်းစွာတုံ့ပြန်ခဲ့တဲ့ ပိုင်တံခွန်
သရုပ်ဆောင်ပိုင်တံခွန်ကတော့ မြန်မာပြည်ရဲ့ လူချစ်အခံရဆုံးမင်းသားတစ်ယောက်လို့တောင် ဆိုနိုင်ပါတယ်။ ရုပ်ရည်ချောမောရုံသာမက စိတ်သဘောထားလည်းကောင်းပြီး အေးဆေးတည်ငြိမ်တဲ့ ပိုင်တံခွန်ကို အမျိုးသမီးပရိသတ်တွေသာမက အမျိုးသားပရိသတ်တွေကပါချစ်ကြပြီး လူကြီး၊ လူငယ်မရွေး အားပေးကြတာပဲဖြစ်ပါတယ်။ ပိုင်တံခွန်ကလည်း သူ့ရဲ့ပရိသတ်တစ်ယောက်ချင်းစီတိုင်းကို လေးစားစွာဆက်ဆံပြီး ချစ်ခင်သူတစ်ယောက်လည်းဖြစ်ပါတယ်။
မနေ့က ဇွန်လ (၂၃) ရက်နေ့ညပိုင်းမှာတော့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပိုင်တံခွန်ရဲ့ ငယ်ဘဝပုံရိပ်တွေဟာ ပျံ့နှံ့ခဲ့ပြီး အကြောင်းအရင်းကတော့ ပရိသတ်တွေက ပိုင်တံခွန်ရဲ့ငယ်ငယ်ကဓာတ်ပုံတွေကို ပြန်ရှာဖွေပြီး ကျီစယ်ခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ ပိုင်တံခွန်က သူ့ရဲ့ပရိသတ်တွေကို “တပုံမကျန် up နေတော့မှာလား 🙄 ကိုယ့်ဘာကိုယ်တောင် မကြည့်ရဲပါဘူးဆို” ဆိုပြီး ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
ပိုင်တံခွန်ကတော့ ပရိသတ်တွေရဲ့ကျီစယ်မှုကြောင့် ငယ်ငယ်ကဓာတ်ပုံတွေပျံ့နှံ့လာခဲ့တဲ့အပေါ် စိတ်ဆိုးခြင်းလုံးဝမရှိပဲ ချစ်စရာကောင်းစွာ ပြန်လည်တုံ့ပြန်ခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုင်တံခွန်ရဲ့ ငယ်ငယ်ကပုံရိပ်လေးတွေကိုကြည့်ပြီး သဘောကျနေကြမယ်ထင်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Paing Takhon’s fb