ပရိသတ်တွေမမြင်တွေ့ရတာကြာခဲ့ပြီဖြစ်တဲ့ ခေတ်နဲ့သစ်ရဲ့ လက်ရှိပုံရိပ်လေးကို ပြသလာခဲ့တဲ့ ချစ်သုဝေ
သရုပ်ဆောင်၊ အဆိုတော်တစ်ယောက်လည်းဖြစ်သလို ဂုဏ်သိက္ခာရှိတဲ့ အမျိုးသမီးတစ်ယောက်လည်းဖြစ်တဲ့ ချစ်သုဝေကတော့ ပရိသတ်ကြီးကြီးငယ်ငယ်အားလုံး လေးစားချစ်ခင်ရသူတစ်ယောက်ပါပဲ။ ချစ်သုဝေဟာ သူမရဲ့တစ်ထေရာတည်းတူတဲ့ ချစ်စရာကောင်းတဲ့ ခေတ်နဲ့သစ်ဆိုတဲ့ အမြွှာသမီးလေးနှစ်ယောက်ကိုလည်း မွေးဖွားထားတာ ပရိသတ်ကြီးအားလုံးသိပြီးသားဖြစ်မှာပါ။ ခေတ်နဲ့သစ်ကလည်း အရမ်းကိုချစ်စရာကောင်းကြတာမို့ ပရိသတ်တွေရဲ့ အသည်းကျော်လေးတွေဖြစ်နေတာပဲဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ မတရားဝရမ်းထုတ်ခံခဲ့ရပြီး နေအိမ်ကနေ တိမ်းရှောင်နေရတဲ့ ချစ်သုဝေဟာ သူမရဲ့သမီးလေးတွေနဲ့ ပတ်သက်တဲ့အရာတွေကို လူမှုကွန်ယက်စာမျက်နှာမှာ မတင်ပဲ တော်လှန်ရေးအတွက်ပဲ အားစိုက်ခဲ့တာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ချစ်သုဝေက ထူးထူးခြားခြားအနေနဲ့ ခေတ်နဲ့သစ်ရဲ့ လက်ရှိပုံရိပ်လေးကို ချပြလာခဲ့တာကို အခုလိုမျိုးပဲ တွေ့ရပါတယ်။
ခေတ်လေးနဲ့သစ်လေးကတော့ ပရိသတ်တွေမမြင်ရတဲ့ တစ်နှစ်ကျော်အရွယ်မှာ အများကြီး ကြီးပြင်းလာခဲ့ပြီပဲဖြစ်ပါတယ်။ ချစ်သုဝေတို့မိသားစုလေးကို အရင်လို ပျော်ပျော်ရွှင်ရွှင်မြင်တွေ့နိုင်ရဖို့ ပရိသတ်တွေအားလုံးက မျှော်လင့်နေကြမယ်ဆိုတာ သေချာပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Chit Thu Wai’s fb
ဇော်ဂျီဖြင့်ဖတ်ရန်
ပရိသတ်တွေမမင်ြတွေ့ရတာကြာခဲ့ပြီဖြစ်တဲ့ ခေတ်နဲ့သစ်ရဲ့ လက်ရှိပုံရိပ်လေးကို ပြသလာခဲ့တဲ့ ချစ်သုဝေ
Source: Chit Thu Wai’s fb
error: Alert: Content is protected !!