ပရိသတ်တွေနဲ့ အဆက်အသွယ်ပြတ်နေတဲ့ အချိန်အတောအတွင်း တွေ့တဲ့သူတိုင်းကို ဝလာတယ်ဆိုပြီးပြောနေကြကြောင်း ဖွင့်ဟလာတဲ့ ရွှေမှုံရတီ

မင်းသမီးချောလေး ရွှေမှုံရတီ အသက် (၂၀) ကျော်အရွယ်မှာတင် အဆိုတော် ရွှေထူးနဲ့ အိမ်ထောင်ကျခဲ့တာဖြစ်ပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ရွှေမှုံရတီက အိမ်ထောင်ကျတာ အချိန်အတော်ကြာခဲ့ပြီဆိုပေမယ့် ရင်သွေးမယူသေးပဲ ခင်ပွန်းဖြစ်သူရွှေထူးနဲ့ နှစ်ယောက်တည်း သာယာတဲ့ အချိန်တွေကို ဖန်တီးနေတာပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ ရွှေမှုံရတီဟာ ဇာတ်ကားရိုက်ကူးမှုတွေမပြုလုပ်သေးပေမယ့် ကြော်ငြာတွေကိုတော့ လက်ခံရိုက်ကူးပေးနေလျက်ရှိတာကို တွေ့ရပါတယ်။

ဇာတ်ကားရိုက်ကူးမှုတွေနဲ့ဝေးကွာနေသလို ပရိသတ်တွေနဲ့လည်း အချိန်အတော်ကြာဝေးကွာနေခဲ့ပြီဖြစ်တဲ့ ရွှေမှုံရတီဟာ လတ်တလောမှာတော့ သူမအနေနဲ့ ခန္ဓာကိုယ်အလေးချိန်လျှော့ချဖို့ လိုအပ်နေကြောင်းပြောလာပါတယ်။ ရွှေမှုံရတီက “ဝိတ်ချ ဖို့ လိုနေပြီ
တွေ့သူ တိုင်းက ဝ လာတယ်ပြောလို့ ဟုလားဟင်? 🙄” ဆိုပြီး သူမရဲ့ ဓာတ်ပုံလေးနဲ့တကွ ပရိသတ်တွေကို မေးခွန်းထုတ်လာတာပဲဖြစ်ပါတယ်။

ရွှေမှုံရတီကတော့ အရင်ကလည်း အပြင်းအထန်ဝိတ်ချဖူးခဲ့သူတစ်ယောက်ဖြစ်တာမို့ သူမအတွက် ဝိတ်ချတယ်ဆိုတာ ခဲယဉ်းမယ်မထင်ပါဘူးနော်။ ပရိသတ်ကြီးကလည်း အရင်ထက်အများကြီးပိုလှလာမယ့် ရွှေမှုံရတီရဲ့ အနုပညာလှုပ်ရှားမှုတွေကို စောင့်ကြည့်အားပေးပေးကြပါဦးနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Shwe Mhone Yati ‘s fb

error: Alert: Content is protected !!