ပရိသတ်တွေနဲ့တွေ့တဲ့အခါ စကားတွေအများကြီးပြောချင်ပေမယ့် ပြောမထွက်တဲ့အကြောင်းကို ပြောပြလာတဲ့ ပိုင်တံခွန်
သရုပ်ဆောင် ပိုင်တံခွန်ကတော့ စိတ်ထားကောင်းပြီး ရည်မွန်ဖော်ရွေတာကြောင့် ပရိသတ်ကြီးကြီးငယ်ငယ်ရဲ့ အချစ်ကို ရရှိထားတာဖြစ်ပါတယ်။ ပိုင်တံခွန်ဟာ လူငယ်တစ်ယောက်ဆိုပေမယ့် အောင်မြင်မှုအပေါ်သာယာမှိန်းမောခြင်းမရှိပဲ သူလုပ်စရာရှိတဲ့အလုပ်ကို အကောင်းဆုံးကြိုးစားပြီး အေးအေးဆေးဆေးနေတတ်သူတစ်ယောက်ပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ ပိုင်တံခွန်ရဲ့အောင်မြင်မှုဟာ ပြည်တွင်းနိုင်ငံမှာသာမက ပြည်ပနိုင်ငံတွေထိ ကျော်ကြားနေတာပဲဖြစ်ပါတယ်။
မနေ့က ကဆုန်လပြည့်နေ့မှာလည်း ပိုင်တံခွန်က သစ်တံခါးဆရာတော်ကြီးနဲ့ ရွှေဘုန်းပွင့်အောင်ချမ်းသာစေတီ ထီးတော်တင်ပွဲ ပြုလုပ်ခဲ့ပါတယ်။ ပိုင်တံခွန်က ထီးတော်တင်ပွဲမှာ သူ့ကိုချစ်တဲ့ပရိသတ်တွေနဲ့ နီးနီးကပ်ကပ်ဆုံတွေ့ခဲ့ပေမယ့် စကားတွေအများကြီးမပြောနိုင်ကြောင်းကို “ပရိတ်သတ်တွေနဲ့ ရုတ်တရက်တွေ့တဲ့အခါ စကားအများကြီးပြောပြချင်တယ်။ ကျနော်မပြောတတ်လို့ ကဆုန်လပြည့် ဗုဒ္ဓနေ့ 🖤ရွှေဘုန်းပွင့် အောင်ချမ်းသာဘုရား ထီးတော်တင်ပွဲ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေလာပါတယ်။
ပိုင်တံခွန်ကတော့ နဂိုကတည်းက စကားနည်းသူဖြစ်တာကြောင့် ပရိသတ်တွေနဲ့ ရုတ်တရက်ဆုံတွေ့တဲ့အခါ ပြောစရာစကားရှာမတွေ့တဲ့ သူ့ရဲ့အကျင့်ကို ပြောပြလာတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုင်တံခွန်ရဲ့ စကားနည်းတဲ့အကျင့်လေးကို နားလည်ခွင့်လွှတ်ပေးမယ်လို့ ထင်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Paing Takhon ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်