ပရိသတ်တွေနားမထောင်ဖူးတဲ့ ဇေယျာသော်ရဲ့ သီချင်းသစ်တစ်ပုဒ်ကို တော်လှန်ရေးအလှူအဖြစ် ချပြသွားမယ်ဆိုတဲ့ ရန်ရန်ချမ်း

တစ်နိုင်ငံလုံးက အားပေးရတဲ့ Rapper ကြီး၊ ပြည်သူတစ်ရပ်လုံးက လေးစားအားထားရတဲ့ သူရဲကောင်းကြီး ဇေယျာသော်ကတော့ အမှန်တရားဘက်က ရဲရဲဝံ့ဝံ့ရင်ဆိုင်ရင်း သူ့ရဲ့အသက်ကိုပါ ပေးအပ်ခဲ့ပြီပဲဖြစ်ပါတယ်။ ဇေယျာသော် ကွယ်လွန်ကျဆုံးခြင်းအတွက် တစ်နိုင်ငံလုံးက ဝမ်းနည်းပူဆွေးကြသလို ဇေယျာသော်ရဲ့ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတွေကလည်း ဝမ်းနည်းစိတ်မကောင်းဖြစ်နေကြတာပဲဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ရန်ရန်ချမ်းက ပရိသတ်တွေတစ်ခါမှ နားမထောင်ဖူးသေးတဲ့ ဇေယျာသော်ရဲ့ သီချင်းတစ်ပုဒ်ကို မျှဝေပေးမယ်လို့ ပြောလာပါတယ်။ ရန်ရန်ချမ်းက “မောင်ကျော့်ရဲ့တော်လှန်ရေးအလှူအနေနဲ့ဒီရက်ပိုင်းအတွင်း ခင်ဗျားတို့တစ်ခါမှနားမထောင်ဘူးတဲ့သူ့ရဲ့သီချင်းအသစ်တစ်ပုဒ်လာမယ်။ အားပေးဖို့လှူဖို့ပြင်ထားပါ ☝️” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် အသိပေးလာခဲ့တာပဲဖြစ်ပါတယ်။

ရန်ရန်ချမ်းကတော့ သူငယ်ချင်းသေဆုံးသွားပေမယ့် တည်ငြိမ်စွာနဲ့ပဲ လုပ်စရာရှိတဲ့အလုပ်တွေကို ဆက်လက်လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဇေယျာသော်ရဲ့ သီချင်းသစ်လေးကို တော်လှန်ရေးသီချင်းအဖြစ် နားဆင်ပြီး အားပေးဖို့ လှူဖို့ကိုလည်း ရန်ရန်ချမ်းက တိုက်တွန်းထားပါသေးတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Yan Yan Chan ‘s fb

error: Alert: Content is protected !!