ပရိသတ်တွေထင်သလိုမဟုတ်ပဲ ခြူးလေးနဲ့ အရင်အတိုင်း ခင်မင်ရင်းနှီးတဲ့ဆက်ဆံရေးရှိကြောင်း ပြသလာခဲ့တဲ့ မေမီကိုကို

ချစ်စရာကောင်းတဲ့ မင်းသမီးလေး မေမီကိုကိုကတော့ ရင့်ကျက်တဲ့ အမျိုးသမီးတစ်ယောက်အဖြစ် အများဆုံးသရုပ်ဆောင်ရသလို အပြင်မှာလည်း အေးဆေးရင့်ကျက်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ မေမီကိုကိုဟာ လက်ရှိမှာလည်း သူမဝါသနာပါရာ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေလျက်ရှိပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ခံယူရရှိနေတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း မေမီကိုကိုက ဒါရိုက်တာဟိန်းစိုးရိုက်ကူးတဲ့ “ပင်လယ်ပြာပြာ မိုးပြာပြာ” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ဖို့ရှိနေတာပဲဖြစ်ပါတယ်။

“ပင်လယ်ပြာပြာ မိုးပြာပြာ” ဇာတ်လမ်းတွဲဟာ ခြူးလေးရဲ့ နာမည်အရှေ့အနောက်ပြဿနာကြောင့် ဂယက်ထနေရတာပဲဖြစ်ပါတယ်။ ပရိသတ်တွေက အဆိုပါနာမည်ကိစ္စကြောင့် ခြူးလေးနဲ့မေမီကိုကိုတို့ကြားမှာ အဖုအထစ်တွေဖြစ်သွားမယ်လို့ထင်ကြပေမယ့် ခြူးလေးနဲ့ မေမီကိုကိုတို့ကတော့ အရင်အတိုင်းအခင်အမင်မပျက်ပဲ ကုသိုလ်ရေးတွေတောင် အတူတူလုပ်ကိုင်နေကြတာကို အခုလိုပဲ တွေ့ရပါတယ်။

မေမီကိုကိုနဲ့ ခြူးလေးတို့ကတော့ အနုပညာအသိုင်းအဝိုင်းမှာ အတူတူကျင်လည်နေကြတဲ့ ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေပဲဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း မေမီကိုကိုနဲ့ ခြူးလေးတို့နှစ်ယောက်စလုံးကို ဆက်လက်ပြီးအားပေးကြပါဦးနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Chue Lay ‘s fb

error: Alert: Content is protected !!