ပရိသတ်တွေတစ်ခါမှမမြင်ဖူးတဲ့ အစ်မဖြစ်သူဖွေးဖွေးနဲ့အတူတူ လှူဒါန်းထားတဲ့ ဘုန်းကြီးကျောင်းဆောင်ကို ပြသလာခဲ့တဲ့ ဝတ်မှုံရွှေရည်

နိုင်ငံကျော်ထိပ်တန်းမင်းသမီးနှစ်ယောက်ဖြစ်တဲ့ အကယ်ဒမီဖွေးဖွေးနဲ့ အကယ်ဒမီဝတ်မှုံရွှေရည်တို့ဟာ သွေးသားနီးစပ်တော်တဲ့ ညီအစ်မတစ်ဝမ်းကွဲတွေပဲဖြစ်ပါတယ်။ တစ်ရက်ကြီး တစ်ရက်ငယ်ညီအစ်မတွေဖြစ်တဲ့ ဖွေးဖွေးနဲ့ ဝတ်မှုံရွှေရည်တို့ဟာ အနုပညာအလုပ်တွေအတူတူလုပ်ကိုင်တာ ရှားပါးတယ်ဆိုပေမယ့် အပြင်မှာတော့ မိသားစုတွေပီပီ တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်ရှိကြတာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ (၉) ရက်နေ့နဲ့ (၁၀) ရက်နေ့ကတော့ ဖွေးဖွေးနဲ့ ဝတ်မှုံရွှေရည်တို့ရဲ့မွေးနေ့လေးဖြစ်ပြီး ဖွေးဖွေးကတော့ မွေးနေ့မှာ အထွေအထူးမလုပ်ဖြစ်ခဲ့ပေမယ့် ဝတ်မှုံရွှေရည်ကတော့ သူမရဲ့မွေးနေ့မှာ ဘုန်းကြီးကျောင်းမှာဆွမ်းကပ်ကုသိုလ်ယူခဲ့တာပဲဖြစ်ပါတယ်။ ဒါ့အပြင် ဝတ်မှုံရွှေရည်က သူမနဲ့ ဖွေးဖွေးတို့ အတူတူလှူဒါန်းခဲ့ဖူးတဲ့ ကျောင်းဆောင်ရှေ့မှာလည်း အမှတ်တရဓာတ်ပုံရိုက်ကူးခဲ့ပြီး ပရိသတ်တွေကို ပြသလာပါတယ်။

ဖွေးဖွေးနဲ့ ဝတ်မှုံရွှေရည်တို့ကတော့ နာမည်ကြီးထိပ်တန်းမင်းသမီးတွေဖြစ်သလို ဆွေမျိုးရင်းတွေလည်းဖြစ်တာမို့ နှစ်ဖက်အဖိုး၊ အဖွားတွေနဲ့ ဆွေမျိုးတွေကိုရည်စူးပြီး ကျောင်းဆောင်တစ်ဆောင်ဆောက်လုပ်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Wutt Hmone Shwe Yi’s fb

error: Alert: Content is protected !!