ပရိသတ်တွေစိတ်ကြိုက်ဝိတ်ချပေးရင်း (၆) ရက်အတွင်း ကိုယ်အလေးချိန်သိသိသာသာကျသွားခဲ့တဲ့ မြတ်သူသူ
ပြည်သူချစ်သရုပ်ဆောင် မြတ်သူသူကတော့ ဗီဒီယိုဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ဖူးသလို ဇာတ်လမ်းတွဲတွေမှာလည်း ခေါင်းဆောင်မင်းသမီးအဖြစ် သရုပ်ဆောင်နေသူတစ်ယောက်ဖြစ်ပါတယ်။ အနုပညာအလုပ်ကို လုပ်ကိုင်နေရသူတစ်ယောက်ပီပီ ကိုယ့်ကိုကိုယ်အမြဲတမ်းလှပနေအောင် ပရိသတ်စိတ်တိုင်းကျဖြစ်အောင် အမြဲတမ်းကြိုးစားနေရတဲ့ မင်းသမီး မြတ်သူသူဟာ ပြီးခဲ့တဲ့နှစ်မှာတော့ သူမရဲ့ ကျန်းမာရေးအခြေအနေကြောင့် ခန္ဓာကိုယ်အလေးချိန် တက်လာခဲ့ရတာပဲဖြစ်ပါတယ်။
အဲ့ဒါအတွက်ကြောင့် မြတ်သူသူက သူမရဲ့ကျန်းမာရေးအတွက်ရော ပရိသတ်တွေစိတ်တိုင်းကျစေဖို့အတွက်ပါ ဝိတ်ချခဲ့ရာ အခုဆိုရင် (၆) ရက်တာ အချိန်အတောအတွင်း ဝိတ်ကျသွားခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။ မြတ်သူသူက “ဝိတ်ချတဲ့ (6) ရက်မြောက်ပုံလေးပါ (20.5.2022)👉(26.5.2022)အတွင်းရလာဒ်လေး😍 တလပြည့်တာနဲ့ သေချာတင်ပေးပါမယ်။ အခုက တဝက်တပျက်မို့မတင်ပေးချင်တာရယ် ပေါင်ချိန်ဘယ်လောက်ကျမလဲ မသိသေးလို့ မပြောဖြစ်တာပါ။ စိတ်ချ ဘဝတူလေးတွေအတွက် သေချာကိုရေးတင်ပေးမယ်နော် 😍” ဆိုပြီး သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာပါတယ်။
မြတ်သူသူကတော့ တစ်လအတွင်းဝိတ်ချဖို့ သူမကိုယ်သူမ Target ထားခဲ့ရာမှ အခုဆိုရင် (၆) ရက်ဆိုတဲ့ အချိန်လေးနဲ့တောင် သိသိသာသာပြောင်းလဲနေခဲ့ပြီပဲဖြစ်ပါတယ်။ တစ်လအတွင်း မြတ်သူသူတစ်ယောက် ဘယ်လိုတွေပြောင်းလဲပြီး အရင်အတိုင်းလှလာမလဲဆိုတာ ပရိသတ်ကြီးက စောင့်ကြည့်ပေးကြပါဦးနော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Myat Thu Thu ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်
ပရိသတ္ေတြစိတ္ႀကိဳက္ဝိတ္ခ်ေပးရင္း (၆) ရက္အတြင္း ကိုယ္အေလးခ်ိန္သိသိသာသာက်သြားခဲ့တဲ့ ျမတ္သူသူ
ျပည္သူခ်စ္သ႐ုပ္ေဆာင္ ျမတ္သူသူကေတာ့ ဗီဒီယိုဇာတ္ကားေတြမွာလည္း ပါဝင္သ႐ုပ္ေဆာင္ဖူးသလို ဇာတ္လမ္းတြဲေတြမွာလည္း ေခါင္းေဆာင္မင္းသမီးအျဖစ္ သ႐ုပ္ေဆာင္ေနသူတစ္ေယာက္ျဖစ္ပါတယ္။ အႏုပညာအလုပ္ကို လုပ္ကိုင္ေနရသူတစ္ေယာက္ပီပီ ကိုယ့္ကိုကိုယ္အၿမဲတမ္းလွပေနေအာင္ ပရိသတ္စိတ္တိုင္းက်ျဖစ္ေအာင္ အၿမဲတမ္းႀကိဳးစားေနရတဲ့ မင္းသမီး ျမတ္သူသူဟာ ၿပီးခဲ့တဲ့ႏွစ္မွာေတာ့ သူမရဲ႕ က်န္းမာေရးအေျခအေနေၾကာင့္ ခႏၶာကိုယ္အေလးခ်ိန္ တက္လာခဲ့ရတာပဲျဖစ္ပါတယ္။
အဲ့ဒါအတြက္ေၾကာင့္ ျမတ္သူသူက သူမရဲ႕က်န္းမာေရးအတြက္ေရာ ပရိသတ္ေတြစိတ္တိုင္းက်ေစဖို႔အတြက္ပါ ဝိတ္ခ်ခဲ့ရာ အခုဆိုရင္ (၆) ရက္တာ အခ်ိန္အေတာအတြင္း ဝိတ္က်သြားခဲ့တာကို အခုလိုပဲ ေတြ႕ရပါတယ္။ ျမတ္သူသူက “ဝိတ္ခ်တဲ့ (6) ရက္ေျမာက္ပုံေလးပါ (20.5.2022)👉(26.5.2022)အတြင္းရလာဒ္ေလး😍 တလျပည့္တာနဲ႔ ေသခ်ာတင္ေပးပါမယ္။ အခုက တဝက္တပ်က္မို႔မတင္ေပးခ်င္တာရယ္ ေပါင္ခ်ိန္ဘယ္ေလာက္က်မလဲ မသိေသးလို႔ မေျပာျဖစ္တာပါ။ စိတ္ခ် ဘဝတူေလးေတြအတြက္ ေသခ်ာကိုေရးတင္ေပးမယ္ေနာ္ 😍” ဆိုၿပီး သူမရဲ႕ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ မွ်ေဝေပးလာပါတယ္။
ျမတ္သူသူကေတာ့ တစ္လအတြင္းဝိတ္ခ်ဖို႔ သူမကိုယ္သူမ Target ထားခဲ့ရာမွ အခုဆိုရင္ (၆) ရက္ဆိုတဲ့ အခ်ိန္ေလးနဲ႔ေတာင္ သိသိသာသာေျပာင္းလဲေနခဲ့ၿပီပဲျဖစ္ပါတယ္။ တစ္လအတြင္း ျမတ္သူသူတစ္ေယာက္ ဘယ္လိုေတြေျပာင္းလဲၿပီး အရင္အတိုင္းလွလာမလဲဆိုတာ ပရိသတ္ႀကီးက ေစာင့္ၾကည့္ေပးၾကပါဦးေနာ္။
ကြၽန္ေတာ္တို႔ရဲ႕ website ေပၚတြင္တင္ထားေသာ သတင္းမ်ားကို အျခား page မ်ား ႏွင့္ websites မ်ား မွ ကူးယူေဖာ္ျပျခင္းအား ခြင့္မျပဳပါဘူး။ေက်းဇူးျပဳ၍ ကူးယူျခင္းမျပဳလုပ္ရန္ ေလးစားစြာျဖင့္ ေမတၱာ ရပ္ခံအပ္ပါသည္။
Source: Myat Thu Thu ‘s fb