ပရိသတ်တွေကိုယ်တိုင်သီဆိုပေးထားကြတဲ့ “မနက်ဖြန်တိုင်းအတွက်ချစ်သက်” သီချင်းလေးကြားတိုင်း မျက်ရည်ကျရတယ်ဆိုတဲ့ သက်မွန်မြင့်

ချင်းတိုင်းရင်းသူ မင်းသမီးချောလေးဖြစ်တဲ့ သက်မွန်မြင့်ကတော့ တောင်ပေါ် ဖလမ်းမြို့လေးကနေတဆင့် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ကိုယ်ပိုင်အရည်အချင်းနဲ့ နာမည်ပျက်မရှိပဲ အောင်မြင်မှုတွေကိုသာ တဖွဲဖွဲပိုင်ဆိုင်ထားတဲ့ သက်မွန်မြင့်က သူမရဲ့ အနုပညာသက်တမ်း နှစ် (၂၀) ကျော်အတွင်းမှာ “အာဒံရယ်၊ ဧဝရယ်၊ ဒဿရယ်” ရုပ်ရှင်ဇာတ်ကားကြီး၊ “ချစ်လှစွာသောအမုန်း” ရုပ်ရှင်ဇာတ်ကားကြီးတို့နဲ့ အကယ်ဒမီဆုကြီး (၂) ဆုကို လက်ဝယ်ပိုင်ဆိုင်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ သက်မွန်မြင့်ဟာ သူမရဲ့အနုပညာလှုပ်ရှားမှုတွေကို ရပ်နားခဲ့တာ တစ်နှစ်ကျော်အချိန်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။

မနေ့က ဇူလိုင်လ (၂၃) ရက်နေ့ကတော့ သက်မွန်မြင့်ရဲ့ မွေးနေ့လေးဖြစ်ပြီး သက်မွန်မြင့်က သူမရဲ့မွေးနေ့မှာ ပရိသတ်တွေကိုယ်တိုင်သီဆိုပေးခဲ့ဖူးတဲ့ “မနက်ဖြန်တိုင်းအတွက်ချစ်သက်” သီချင်းလေးကိုမျှဝေကာ “ဒီသီချင်းလေးကြားရတိုင်း ဝမ်းသာမျက်ရည် ကျနေရတုန်းပဲ။ သီချင်းလေးတွက် အရမ်းကို ကျေးဇူးတင်ရသလို အမြဲ အားပေးရပ်တည်ပေးတဲ့ my Yellow Hearts လေးတွေကိုလည်း ကျေးဇူးအထူးတင်ပါတယ်လို့! မွေးနေ့မှာ အလွမ်းပြေလေးပေါ့နော်! 😔😔😔” ဆိုပြီး ပြောလာတာပဲဖြစ်ပါတယ်။

သက်မွန်မြင့်ကတော့ ပရိသတ်တွေကိုယ်တိုင်သီဆိုပေးခဲ့ဖူးတဲ့ “မနက်ဖြန်တိုင်းအတွက်ချစ်သက်” သီချင်းလေးကိုကြားတိုင်း ဝမ်းသာမျက်ရည်ကျရတယ်လို့ ဆိုခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သက်မွန်မြင့်ရဲ့ အနုပညာလှုပ်ရှားမှုတွေကို သတိရနေကြပြီပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Thet Mon Myint ‘s fb

error: Alert: Content is protected !!