ပထမဦးဆုံးအကြိမ်ခေါင်းဆောင်မင်းသားအဖြစ် သရုပ်ဆောင်ရမယ့် ဇာတ်လမ်းတွဲဟာ စိန်ခေါ်မှုအသစ်ဖြစ်တယ်ဆိုတဲ့ သျှင်းမြတ်
သရုပ်ဆောင် သျှင်းမြတ်ကတော့ ပရိသတ်ကြီးအားလုံးသိပြီးသားအတိုင်း မင်းသမီးချောလေး မေမြင့်မိုရ်ရဲ့ မောင်အရင်းလေးပဲ ဖြစ်ပါတယ်။ သျှင်းမြတ်ဟာ “ရသ မော်ကွန်း အင်္လကာ”၊ “၁၀၁% ချစ်ခြင်း “၊ “အိပ်မက်ငိုတော” စတဲ့ ဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း အများကြီးရရှိပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ သျှင်းမြတ်က သူ့ရဲ့ အနုပညာခြေလှမ်းသစ်ကို ပရိသတ်တွေဆီ မျှဝေလာခဲ့ပါတယ်။ သျှင်းမြတ်က အကယ်ဒမီ ယွန်းယွန်းနဲ့ အတူတူ ခေါင်းဆောင်ပြီး သရုပ်ဆောင်မယ့် သင်္ကြန်ရုပ်သံဇာတ်လမ်းတွဲ “ နွေဥဩ “ အတွက် ကန်တော့ပွဲပြုလုပ်ခဲ့ပြီး သူ့ရဲ့ ခြေလှမ်းသစ်အတွက် စိန်ခေါ်မှုအသစ်လို့ ပြောလာခဲ့ပါတယ်။
သျှင်းမြတ်ကတော့ သူ့အနေနဲ့ ခေါင်းဆောင်မင်းသားအဖြစ် ပထမဦးဆုံးအကြိမ်သရုပ်ဆောင်မယ့် ဇာတ်ကားအတွက် စိန်ခေါ်မှုတွေ စတင်ခဲ့ပြီလို့ ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သျှင်းမြတ် သရုပ်ဆောင်မယ့် “နွေဥသြ” ဇာတ်လမ်းတွဲလေးထွက်ရှိလာရင် အားပေးကြပါဦးလို့ တောင်းဆိုလိုက်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Shinn Myat’s fb