ပထမဦးဆုံးသီချင်းသစ်လေးကို အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့တဲ့ ညီမလေး ပန်းသွန်းခြယ်အတွက် ဂုဏ်ယူကြောင်းပြောလာတဲ့ ပန်းရောင်ခြယ်
အဆိုတော်ကြီးဂရေဟမ်ရဲ့ သမီးနှစ်ယောက်ဖြစ်တဲ့ ပန်းရောင်ခြယ်နဲ့ ပန်းသွန်းခြယ်တို့ကတော့ အဖေနဲ့တူလို့ အသံလေးတွေကောင်းသလို အမေနဲ့တူပြီး ရုပ်ရည်လေးတွေကလည်း ချစ်စရာကောင်းကြတာပဲဖြစ်ပါတယ်။ ပန်းရောင်ခြယ်ကလည်း အဆိုတော် သရုပ်ဆောင်အဖြစ် ရပ်တည်နေသလို ပန်းသွန်းခြယ်လေးကလည်း မနေ့က ဖေဖောဝါရီလ (၁၈) ရက်နေ့မှာ သူမရဲ့ ပထမဦးဆုံးသီချင်းလေး ထွက်ရှိလို့လာခဲ့တာပဲဖြစ်ပါတယ်။
ပန်းသွန်းခြယ်ရဲ့သီချင်းလေးက ကောင်းလည်းကောင်းသလို MV ရိုက်ကူးထားတဲ့ပုံစံလေးကလည်း ချစ်စရာကောင်းတာကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကိုရရှိနေတာပဲ ဖြစ်ပါတယ်။ အဲ့ဒီအတွက် ပန်းရောင်ခြယ်က ညီမလေး ပန်းသွန်းခြယ်ရဲ့အောင်မြင်မှုအတွက် ဝမ်းသာကြောင်း “Proud of you Pan Thun Chel 💛” ဆိုပြီး ပန်းသွန်းခြယ်လေးရဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်လေးတွေကို မျှဝေပေးလာပါတယ်။
ပန်းရောင်ခြယ်နဲ့ ပန်းသွန်းခြယ်တို့ကတော့ အနုပညာနဲ့ပတ်သက်လာရင် ဖေဖေဂရေဟမ်ရဲ့ ခြေရာကို နင်းနိုင်ကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပန်းသွန်းခြယ်ရဲ့ “ကျန်ရစ်သူတမ်းချင်း” သီချင်းလေးကို နားဆင်အားပေးကြပါဦးနော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့်မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Pan Yaung Chel ‘s fb