ပထမဦးဆုံးရရှိတဲ့ အနုပညာကြေးနဲ့ ဖခင်ဖြစ်သူ သရုပ်ဆောင်ညိုလင်းထက်ကို ကန်တော့ခဲ့တဲ့ ဟန်ဘုန်းထက်

တချိန်က သီချင်းဗီစီဒီတွေနဲ့ ကြော်ငြာတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင် ညိုလင်းထက်ကို ပရိသတ်ကြီးအားလုံး မှတ်မိကြဦးမယ် ထင်ပါတယ်။ ညိုလင်းထက်ဟာ သူနဲ့ အနုပညာလောကထဲမှာ အတူတူကျင်လည်နေသူလေးဖြစ်တဲ့ သရုပ်ဆောင် သူရီလင်းသစ်နဲ့ လက်ထပ်ခဲ့ပြီးနောက် သရုပ်ဆောင်အလုပ်ကို စွန့်လွှတ်ခဲ့တာပဲဖြစ်ပါတယ်။ ညိုလင်းထက်နဲ့ သူရီလင်းသစ်တို့ရဲ့ သားကြီး ဟန်ဘုန်းထက်ဟာလည်း မိဘတွေရဲ့ အနုပညာအမွေတွေကို လက်ဆင့်ကမ်းရရှိခဲ့ပြီး အခုဆိုရင် သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့ စတင်ကြိုးစားနေပြီပဲဖြစ်ပါတယ်။

တက်သစ်စသရုပ်ဆောင်တစ်ယောက်ပီပီ ပထမဦးဆုံးရတဲ့ အနုပညာကြေးနဲ့ မိဘကို ကန်တော့ချင်စိတ်ရှိတဲ့ ဟန်ဘုန်းထက်ဟာ ဒီတစ်ခေါက်မှာလည်း မြဝတီအိမ်ကိုပြန်ရောက်ခိုက် ဖခင်ကိုကန်တော့ခဲ့တဲ့အကြောင်းကို “မြဝတီပြန်ရောက်တုန်းလေး ကျွန်တော့ အနုပညာကြေးလေးနဲ့ ပါးပါးကန်တော့ဖို့ မားမားနဲ့တိုင်ပင်ခဲ့ပါတယ်။ ပါးပါးက ကန်တော့ငွေကို မုန့်ဖိုးပြန်ပေးပြီး ဖုန်းအသစ်တစ်လုံးပါ ထပ်ဝယ်ပေးထားတာ ပျော်လည်းပျော်တယ် ချစ်လည်းချစ်တယ်နော် ပါးပါး” ဆိုပြီး သူတို့မိသားစုလေးရဲ့ ဗီဒီယိုလေးကို အခုလိုပဲ မျှဝေပေးလာပါတယ်။

ညိုလင်းထက်ကတော့ သားဖြစ်သူပထမဦးဆုံးရရှိတဲ့ ပိုက်ဆံလေးတွေကို မယူရက်တဲ့အပြင် အလုပ်တွေကြိုးစားလုပ်ကိုင်နေတဲ့သားအတွက် ဖုန်းအသစ်တစ်လုံးကိုပါ လက်ဆောင်ပြန်ပေးခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ ညိုလင်းထက်တို့မိသားစုလေးရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အပျော်တွေကူးစက်သွားမယ်ထင်ပါတယ်နော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Han Hbone Htet’s fb

error: Alert: Content is protected !!