ပထမဦးဆုံးရင်သွေးလေးကို ကိုယ်ဝန်လွယ်ဆောင်ထားရပြီဆိုတဲ့ MRTV 4 အစီအစဉ်တင်ဆက်သူ ခိုင်ချိုဝင်း
MRTV 4 ရုပ်သံလိုင်းက အစီအစဉ်တင်ဆက်သူတွေကတော့ ပရိသတ်တွေရဲ့ နေ့စဉ်ဖြတ်သန်းမှုဘဝမှာ အမြဲတမ်းမြင်တွေ့နေရသူတွေမို့ ဆယ်လီဘရစ်တီတွေလို လူသိများကြသူတွေဖြစ်ပါတယ်။ တချို့အစီအစဉ်တင်ဆက်သူတွေကတော့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း သရုပ်ဆောင်အဖြစ်လည်း ရပ်တည်ကြသလို အချို့ကလည်း ပွဲအစီအစဉ်တွေရိုက်ကူးရင်းနဲ့ ပရိသတ်တွေနဲ့ ထိတွေ့နေတာပဲဖြစ်ပါတယ်။ ဒီထဲကမှ ခေတ်သစ်ပျိုမေ အစီအစဉ်မှာ အမြဲတမ်းတင်ဆက်ပေးနေကျ အစီအစဉ်တင်ဆက်သူ ခိုင်ချိုဝင်းကို ပရိသတ်တွေသိပြီးသားဖြစ်မှာပါ။
ခိုင်ချိုဝင်းဟာ ပြီးခဲ့တဲ့ နှစ်ကပဲ သူမချစ်ရသူနဲ့ အိမ်ထောင်ပြုလက်ထပ်သွားတာဖြစ်ပြီး အခုဆိုရင် သူမရဲ့ ပထမဦးဆုံးရင်သွေးလေးကို လွယ်ဆောင်ထားရပြီလို့ ဆိုပါတယ်။ ခိုင်ချိုဝင်းက “Surprise video လေးပါရှင်.. အားလုံးကို တစ်ခုလောက်ပြောပြချင်လို့ပါ။ ဒီvideoလေးက ဟိုးအရင်လတွေက ကြာပြီ..အပျော်အတွက်အမှတ်တရရိုက်ခဲ့ပေမယ့် ပျော်စရာတွေရော..ဝမ်းနည်းစရာတွေရော ဆုံခဲ့ရတာမို့ ❗️အစ/ အဆုံးလေး ကြည့်ပေးပါနော်..❗️ အမြဲပြုံးနေလို့ အမြဲပျော်နေရတာလည်း မဟုတ်သလို အမြဲလည်း ဝမ်းနည်းနေရမှာမဟုတ်ပါဘူး။ ဝမ်းနည်းစရာတွေ ပြီးရင် ပျော်စရာတွေချည်း လာတော့မှာ ကလေးလေးရေ..” ဆိုပြီး သူမရဲ့ ဗီဒီယိုလေးကို အခုလိုပဲမျှဝေပေးလာပါတယ်။
ခိုင်ချိုကတော့ သူမရဲ့ပထမဦးဆုံးရင်သွေးလေးကို လွယ်ဆောင်ထားရတာမို့ စိတ်ခံစားမှုအရမ်းပြင်းထန်ပြီး ဝမ်းနည်း ဝမ်းသာတွေအားလုံးကိုလည်း ကြုံဆုံခဲ့ရတယ်လို့ ဆိုလာပါတယ်။ ခိုင်ချိုတစ်ယောက် ရင်သွေးလေးကို ကျန်းကျန်းမာမာနဲ့ ချောမွေ့စွာမွေးဖွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား page များ နှင့် websites များ မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။
Source: Khine Cho Win’s fb