ပစ်ခတ်ခံရပြီးဒဏ်ရာတွေနဲ့ ဆေးရုံမှာပဲ ကွယ်လွန်သွားပြီလို့ သတင်းတွေထွက်ပေါ်နေတဲ့ Myanmar Idol အဆိုတော် ဇင်ကြီး

Myanmar Idol Season 2 သီချင်းဆိုပြိုင်ပွဲမှာ Voting Number 3 နေရာကနေ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ဇင်ကြီးကို ပရိသတ်ကြီး မှတ်မိဦးမယ် ထင်ပါတယ်။ ဇင်ကြီးဟာ စစ်တပ်ထောက်ခံသူတစ်ယောက်လည်းဖြစ်ပြီး တိုင်းပြည်အကျိုးအတွက်အသက်စွန့်ကြိုးပမ်းနေတဲ့ PDF လူငယ်တွေကို သူပုန်လို့ ပြောဆိုခဲ့ဖူးသူတစ်ယောက်ဖြစ်ပြီး မနေ့က ဇွန်လ (၅) ရက်နေ့ညပိုင်းမှာတော့ အမည်မသိအဖွဲ့အစည်းရဲ့ ပစ်ခတ်ခြင်းခံခဲ့ရတာပဲဖြစ်ပါတယ်။

ဇင်ကြီးဟာ ပစ်ခတ်ခံရတဲ့ဒဏ်ရာတွေကြောင့် ဝဲဘက်လက်မောင်း ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်ချိုစောင်းရှပ်ထိဒဏ်ရာ ၁ ချက်၊ ဝဲဘက်မျက်လုံး ဖူးရောင်ဒဏ်ရာ ၁ ချက်၊ ဝဲလက် ကျိုးဒဏ်ရာ၊ ဝဲမျက်လုံးဖောက်ဝင်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)ဒဏ်ရာများ ရရှိခဲ့ပြီး ဆေးဝါးကုသမှုခံယူနေစဉ် ဒီကနေ့ ဇွန်လ (၆) ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပြီလို့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပျံ့နှံနေတာပဲဖြစ်ပါတယ်။

ဇင်ကြီးကတော့ လူငယ်တွေကို သူပုန်လို့ပြောဆိုခဲ့ပြီးတဲ့နောက်မှာ လေးချက်အကစ်ခံခဲ့ရပြီး ပြင်းထန်ဒဏ်ရာတွေရရှိခဲ့တာပဲဖြစ်ပါတယ်။ ဇင်ကြီး ကွယ်လွန်သွားတဲ့သတင်းကိုတော့ မှန်မမှန်ဆိုတာ ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်။

ကျွန်တော်တို့ရဲ့ website ပေါ်တွင်တင်ထားသော သတင်းများကို အခြား‌ page များ နှင့် websites များ ‌မှ ကူးယူဖော်ပြခြင်းအား ခွင့်မပြုပါဘူး။ကျေးဇူးပြု၍ ကူးယူခြင်းမပြုလုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

Source: Wai Lu Kyaw ‘s fb
ဇော်ဂျီဖြင့်ဖတ်ရန်






Source: Wai Lu Kyaw ‘s fb

error: Alert: Content is protected !!